၃၂ ပြဲဆက္ ရႈးပြဲမရွိစံခ်ိန္တင္ထားတဲ့ အလြန္ဆို ရဲ့ ေလဘာကူဆင္အသင္း

ေဖေဖာ္ဝါရီ ၁၈

လက္ရွိရာသီမွာ ရလဒ္ေတြေကာင္းေနတဲ့ ေလဘာကူဆင္အသင္းဟာ ဂ်ာမန္ဘြန္ဒစ္လီဂါပြဲစဥ္(၂၂) အၿပီးမွာ ၿပိဳင္ပြဲစုံ ၃၂ ပြဲဆက္ ရႈးပြဲမရွိစံခ်ိန္ကို ရရွိထားပါတယ္။

ဂ်ာမန္ဘြန္ဒစ္လီဂါပြဲစဥ္(၂၂)မွာ ဟိုင္ဒန္ဟိမ္းအသင္းကို ႏွစ္ဂိုး၊ တစ္ဂိုးျဖင့္ အနိုင္ရရွိခဲ့ၿပီးေနာက္ ေလဗာကူဆင္အသင္းရဲ့ ယခုရာသီ ၿပိဳင္ပြဲစုံရႈးပြဲမရွိမွတ္တမ္းမွာ (၃၂)ပြဲဆက္ (၂၈ ပြဲနိုင္၊ ၄ ပြဲသေရ) အထိရွိလာခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္အသင္းရဲ့ ဂ်ာမန္ေဘာလုံးသမိုင္းတစ္ေလၽွာက္ ၿပိဳင္ပြဲစုံပြဲဆက္အမ်ားဆုံး ရႈးပြဲမရွိစံခ်ိန္ ၃၂ ပြဲ ကို လိုက္မီခဲ့ပါတယ္။

ဒါေၾကာင့္ အလြန္ဆို ရဲ့ လက္ထက္မွာ အေကာင္းဆုံးပုံစံကိုရရွိေနတဲ့ ေလဘာကူဆင္အသင္းဟာ စံခ်ိန္ေကာင္းေတြကို ဆက္လက္ထိန္းနိုင္မလားဆိုတာ ေစာင့္‌ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

=======

၃၂ ပွဲဆက် ရှုးပွဲမရှိစံချိန်တင်ထားတဲ့ အလွန်ဆို ရဲ့ လေဘာကူဆင်အသင်း

ဖေဖော်ဝါရီ ၁၈

လက်ရှိရာသီမှာ ရလဒ်တွေကောင်းနေတဲ့ လေဘာကူဆင်အသင်းဟာ ဂျာမန်ဘွန်ဒစ်လီဂါပွဲစဥ်(၂၂) အပြီးမှာ ပြိုင်ပွဲစုံ ၃၂ ပွဲဆက် ရှုးပွဲမရှိစံချိန်ကို ရရှိထားပါတယ်။

ဂျာမန်ဘွန်ဒစ်လီဂါပွဲစဥ်(၂၂)မှာ ဟိုင်ဒန်ဟိမ်းအသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် လေဗာကူဆင်အသင်းရဲ့ ယခုရာသီ ပြိုင်ပွဲစုံရှုးပွဲမရှိမှတ်တမ်းမှာ (၃၂)ပွဲဆက် (၂၈ ပွဲနိုင်၊ ၄ ပွဲသရေ) အထိရှိလာခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမန်ဘောလုံးသမိုင်းတစ်လျှောက် ပြိုင်ပွဲစုံပွဲဆက်အများဆုံး ရှုးပွဲမရှိစံချိန် ၃၂ ပွဲ ကို လိုက်မီခဲ့ပါတယ်။

ဒါကြောင့် အလွန်ဆို ရဲ့ လက်ထက်မှာ အကောင်းဆုံးပုံစံကိုရရှိနေတဲ့ လေဘာကူဆင်အသင်းဟာ စံချိန်ကောင်းတွေကို ဆက်လက်ထိန်းနိုင်မလားဆိုတာ စောင့်‌ကြည့်ရတော့မှာ ဖြစ်ပါတယ်။