ပရီးမီးယားလိဂ္ တစ္လတာအေကာင္းဆုံးဆုမ်ားကို ဂ်ာဂ်င္ကေလာ့ပ္ႏွင့္ ဒီေယဂိုဂ်ိဳတာတို႔ ရရွိ

ေဖေဖာ္ဝါရီ ၁၉

ၿပီးခဲ့သည့္ ဇန္နဝါရီလအတြက္ ပရီးမီးယားလိဂ္ တစ္လတာအေကာင္းဆုံးဆုမ်ားကို လီဗာပူးမန္ေနဂ်ာ ကေလာ့ပ္ႏွင့္ တိုက္စစ္မႉး ဒီေယဂိုဂ်ိဳတာတို႔က ဆြတ္ခူးရယူသြားနိုင္ခဲ့ေၾကာင္း သိရပါတယ္။

နည္းၿပ ကေလာ့ပ္ဟာ ဇန္နဝါရီလအတြင္း ယွဥ္ၿပိဳင္ကစားခဲ့သည့္ ပရီးမီးယားလိဂ္ပြဲစဥ္သုံးပြဲတြင္သြင္းဂိုး ၁၂ ဂိုးအထိသြင္းယူကာ ထိုသုံးပြဲစလုံးကို အနိုင္ရရွိေအာင္ ဦးေဆာင္နိုင္ခဲ့၍ အာဆင္နယ္မွ အာတီတာ၊ ဝက္ဖို႔ဒ္မွ ေရာ့ဘ္အက္ဝပ္ဒ္၊ မန္စီးတီးမွ ဂြါဒီယိုလာတို႔ကို ေက်ာ္ျဖတ္၍ ပရီးမီးယားလိဂ္ တစ္လတာအေကာင္းဆုံးမန္ေနဂ်ာဆုကို ဆြတ္ခူးနိုင္ခဲ့ျခင္းျဖစ္ပါတယ္။

ဇန္နဝါရီလအတြက္ တစ္လတာ အေကာင္းဆုံးကစားသမားဆုကို လီဗာပူးလ္အသင္းရဲ့ တိုက္စစ္ကစားသမား ဂ်ိဳတာကရရွိသြားခဲ့ပါတယ္။ ဂ်ိဳတာဟာ ဇန္နဝါရီလမွာ ကစားခဲ့ရတဲ့ ၃ ပြဲလုံးမွာ အေကာင္းဆုံးစြမ္းေဆာင္နိုင္ခဲ့တာျဖစ္ၿပီး သြင္းဂိုး ၃ ဂိုးနဲ႔ ဖန္တီးမႈ ၂ ႀကိမ္ထိျပဳလုပ္နိုင္ခဲ့တာျဖစ္ပါတယ္။

=======

ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုများကို ဂျာဂျင်ကလော့ပ်နှင့် ဒီယေဂိုဂျိုတာတို့ ရရှိ

ဖေဖော်ဝါရီ ၁၉

ပြီးခဲ့သည့် ဇန်နဝါရီလအတွက် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုများကို လီဗာပူးမန်နေဂျာ ကလော့ပ်နှင့် တိုက်စစ်မှူး ဒီယေဂိုဂျိုတာတို့က ဆွတ်ခူးရယူသွားနိုင်ခဲ့ကြောင်း သိရပါတယ်။

နည်းပြ ကလော့ပ်ဟာ ဇန်နဝါရီလအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်သုံးပွဲတွင်သွင်းဂိုး ၁၂ ဂိုးအထိသွင်းယူကာ ထိုသုံးပွဲစလုံးကို အနိုင်ရရှိအောင် ဦးဆောင်နိုင်ခဲ့၍ အာဆင်နယ်မှ အာတီတာ၊ ဝက်ဖို့ဒ်မှ ရော့ဘ်အက်ဝပ်ဒ်၊ မန်စီးတီးမှ ဂွါဒီယိုလာတို့ကို ကျော်ဖြတ်၍ ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးမန်နေဂျာဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ဇန်နဝါရီလအတွက် တစ်လတာ အကောင်းဆုံးကစားသမားဆုကို လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမား ဂျိုတာကရရှိသွားခဲ့ပါတယ်။ ဂျိုတာဟာ ဇန်နဝါရီလမှာ ကစားခဲ့ရတဲ့ ၃ ပွဲလုံးမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာဖြစ်ပြီး သွင်းဂိုး ၃ ဂိုးနဲ့ ဖန်တီးမှု ၂ ကြိမ်ထိပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။