ဒီဘက်ခေတ်ဘောလုံးသမားတွေက သစ္စာတရားဆိုတာကို နားမလည်ဘူး၊ ရေကြည်ရာမြက်နုရာပဲ ရှာနေကြတယ် (တော့တီ)

13669140_1057350997693054_942260896425490386_n

နာပိုလီတိုက်စစ်မှုး ဟီဂူအင်သည် ဂျုဗင်တပ်စ်အသင်းသို့ ပြောင်းရွေ့ကြေး ယူရို သန်း(၉၀)ဖြင့် ပြောင်းရွေ့သွားခဲ့ ပြီးနောက် ရိုးမား ဂန္တာဝင် တော့တီက ယနေ့ခေတ် ဘောလုံးလောကသည် ကပ်ဆိုက်သကဲ့သို့ ဖြစ်နေပြီဖြစ်ကြောင်း ဝေဖန်သွားခဲ့သည်။

တော့တီက – “ဒီဘက်ခေတ်ကစားသမားတွေက သစ္စာတရားဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို နားမလည်ကြတော့ဘူး၊ ရေကြည်ရာမြက်နုရာကိုပဲ ရှာနေကြတော့တယ်၊ အဓိက ကတော့ ငွေကြေးနောက်ပဲလိုက်နေကြတယ်၊ ဘောလုံး လောကကြီးက ကပ်ဆိုက်နေပါပြီ၊ ဟီဂူအင်ကိုပဲကြည့် နာပိုလီလိုအသင်းကနေ ဂျုဗင်တပ်စ်အသင်းကို ပြောင်းသွားတယ်၊ ဒါကလည်း နိုင်ငံရပ်ခြားက ကစားသစားတွေ ဖြစ်နေကြဆိုတာကိုလည်း နားလည်ပါတယ်၊ ဒါပေမယ့် ငွေမျက်နှာတစ်ခုတည်းကြည့်နေတာတွေက တော်တော်လေး အရုပ်ဆိုးပါတယ်၊ နိုင်ငံရပ်ခြားကနေ စီးရီးအေမှာ လာကစားတဲ့ ကစားသမားတွေထဲမှာ မာရာဒိုနာလို ကစားသမားထွက်မလာတော့ဘူး” ဟု ဝေဖန် သွားခဲ့သည်။ ရိုးမားကစားသမား ပီဂျာနစ်သည်လည်း ရိုးမားအသင်းမှ ဂျုဗင်တပ်စ်အသင်းသို့ ပြောင်းရွေ့ ကစားသွားခဲ့သည်ကိုလည်း တော့တီက ဝေဖန်သွားခဲ့သည်။

-Ref: Goal


Leave a Reply