ONE Championship မှချီးမြှင့်သည် Global Martial Arts Awards – Bout of the Year ဆုနှင့် Male Athlete of the Year ဆုများကို မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆိုင်လက်ခံရရှိ

စင်္ကာပူ ၊ ၂၀၁၈ ခုနှစ် ၊ နိုဝင်ဘာလ ၈

ONE Championship မှကြီးမှူးကျင်းပသည့် Gala Dinner & Global Martial Arts Award အခမ်းအနားကို Marriot Hotel Grand Ballroom တွင် စင်္ကာပူဒေသစံတော်ချိန် (၈:၃၀) တွင် ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ONE Championship ၏ ၂၀၁၈ ခုနှစ် တစ်နှစ်တာ အကောင်းဆုံးဆု (၁၆) မျိုးထိ ပေးအပ်ချီးမြှင့်ခဲ့ပြီး မြန်မာ့ဂုဏ်ဆောင်အောင်လအန်ဆိုင်သည် တစ်နှစ်တာ အကောင်းဆုံးထိုးပွဲ (Bout of the Year) ဆု နှင့် Athlete Of the Year ဆုများကို ထိုက်ထိုက် တန်တန် ဆုချီးမြှင့်ခံရသည်။ Bout of the year ဆုကို မြန်မာနိုင်ငံတွင်၂၀၁၈ ခုနှစ် ၊ ဇွန်လ (၂၉) ရက်နေ့ တွင်ကျင်းပပြုလုပ်သည့် ONE Championship – Spirit Of the Year ပြိုင်ပွဲရဲ့ မစ်ဒယ်လ်ဝိတ်ချန်ပီယံ ကာကွယ်ပွဲအဖြစ် ဂျပန်နိုင်ငံသား ခန် ဟာဆဲဂါဝါနှင့် ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်အတွက် ရရှိခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အောင်လအန်ဆိုင်သည် Walkout of the Year ၊ Knockout of the Year ၊ Martial Arts Hero of the Year ဆု အမည် ဆန်ခါတင်စာရင်းများတွင်လည်းပါဝင်ခဲ့သည်။ ကျွန်တော့်အနေနဲ့ အခုလို ဆုရတာကို အရမ်းပျော်ရွှင် မိပါတယ်။ ဒီဆုကိုလိုချင်လို့ ယှဉ်ပြိုင်တာမဟုတ်ပဲ ကျွန်တော်အကောင်းဆုံးကြိုးစားတဲ့ အလုပ်အပေါ် အခုလို အသိအမှတ်ပြု ချီးမြှင့်ပေးတာကို အထူးကျေးဇူးတင်ရှိပါတယ်။ ဒီဆုဟာ ကျွန်တော် တစ်ယောက်ထဲ ကြိုးစားမှုကြောင့် မဟုတ်ပါဘူး ကျွန်တော်အဖွဲ့ဝင်များ၊ ကျွန်တော့်ကို အားပေးတဲ့ နေရာဒေသအသီးသီးက ပရိသတ်များ၊ မြန်မာပြည်က ပရိသတ်များကို အထူးကျေးဇူးတင်ပါတယ်။ အားလုံးကို ချစ်လည်း ချစ်ပါတယ်။ ကျွန်တော် မိသားစုဝင်များ၊ ကျွန်တော်နဲ့ အတူတူအခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ် ကူညီပေးတဲ့ ကျွန်တော့် ဇနီး ကိတ်တီ နဲ့ ပရိသတ်များ၊ မာ့ဂုဏ်ဆောင် ONE Middleweight & Light Heavyweight World Champion အောင်လအန်ဆိုင်မှ ဝမ်းမြောက်စကားဆိုသည်။

ONE Championship မှပေးအပ်သည့် တစ်နှစ်တာအတွင်းအကောင်းဆုံးဆုရရှိသူများမှာ –

စတန်ဖာရက် – ထိုင်း (Breakthrought athlete of the Year)

မာ့ခ်ဆန်ဂီယို – ဖီလစ်ပိုင် (Coach of the Year)

Olivier Coste – ONE FC (Referee of The Year)

Team Lakay – ဖီလစ်ပိုင် (Gym of the Year)

အန်ဒီငုယင် – ဗီယက်နမ် (Walk Out of the Year)

Kingdom of Hero – ထိုင်း (Event of the Year)

လီဂျနာ – ONE FC (Ring Girl of the year)

(Martial Arts Journalist of the Year)

ဂျိုရှာပက်ကီယို – ဖီလစ်ပိုင် (Submission of the Year)

ဘရိုင်ယန် အော်တီဂါ -အမေရိကန် – (Knockout of the Year)

အောင်လအန်ဆိုင် – မြန်မာ (Bout of the Year)

တတ်ရှင် နာဆူကာဝါ – ဂျပန် (Kickboxing Athlete of the Year)

နွန်ဂီရာဂါဒါအွန်- ထိုင်း (Muay Thai Athlete of the Year)

အန်ဂျလာလီ – စင်္ကာပူ (Female Athlete of the Year)

အောင်လအန်ဆိုင် – မြန်မာ (Male Athlete of the Year)

အက်ဝပ်ဒ် ဖာလာယမ် – ဖီလစ်ပိုင် (Martial Arts Hero of the Year)