ဆာလက်၊ ကာရီယပ်စ်တို့နှင့် ဖြစ်ရပ်များမှာ ချဲ့ကားထားခြင်းကြောင့် ဖြေရှင်းချက်ပေးသွားမည် မဟုတ်ဟု ရာမို့စ် ပြောကြား

ရီးယဲလ်မက်ဒရစ်နောက်ခံလူ ရာမို့စ်က လီဗာပူးနှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဆာလက်၊ ကာရီယပ်စ်တို့နှင့် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များမှာ ချဲ့ကာပြောဆိုနေခြင်းမျိုးသာဖြစ်ပြီး မိမိအနေဖြင့် လက်ရှိပြေဆိုနေမှုများ အပေါ်တွင် ဖြေရှင်းသွားမည် မဟုတ်ဟု ဆိုလိုက်သည်။

ထို့အပြင် မိမိ၏ ချွေးစက်တစ်က ဖာမီနိုအပေါ် ကျသွားခဲ့မည်ဆိုလျှင်တောင် ဖာမီနိုအအေးပတ်သွားစေနိုင်သလို ပြောဆိုနေကြကြောင်း ပြောကြားသွားခဲ့သည်။ ရာမို့စ်မှာ ဆာလက်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဆွဲလှဲခဲ့ခြင်းကြောင့် ဆာလက်မှာ ပခုံးဒဏ်ရာ ရရှိသွားခဲ့သလို၊ ရာမို့စ်၏ တံတောင်ဖြင့် အတိုက်ခံခဲ့ရသည့် ကာရီယပ်စ်မှာလည်း ကယောင်ကတမ်းဖြစ်ခဲ့ပြီး အမှားအယွင်းများကို ကျူးလွန်သွားခဲ့ခြင်းဖြစ်သည်ဟု အမေရိကန် မက်ဆာချူးဆက် ပြည်နယ်ရှိ ဂျင်နရယ်ဆေးရုံမှ ဆရာဝန်တစ်ဦးက ယူဆသွားခဲ့သည်။

အဆိုပါကောက်ယူမှုများက ချဲ့ကားပြောဆိုနေခြင်းသာဖြစ်သည်ဟု ၄င်းက ပြောဆိုလိုက်သည်။ ရာမို့စ်က ” စိတ်ပျက်စရာပဲ၊ ဆာလက်ရဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး သတင်းတွေ အများကြီးထွက်နေတယ်။ ဒီသတင်းတွေက ချဲ့ကား ထားတာကြောင့် ဖြေရှင်းဖို့ ဆန္ဒမရှိဘူး။ ဒီအဖြစ်မှာ ဆာလက်က ကျွန်တော့ လက်မောင်းကိုဆွဲပြီး လဲကျ သွားတာပါ။ အဲ့ဒါကို ဂျူဒိုအကွက် သုံးခဲ့တာလို့ စွပ်စွဲနေကြတယ်။ ဂိုးသမားလည်း ဒီအတိုင်းပဲ ကျွန်တော်ကြောင့် ကယောင်ကတမ်း ဖြစ်ခဲ့ရတယ်လို့ ပြောနေကြတယ်။ ကျွန်တော့် ချွေးစက်တစ်စက်က ဖာမီနိုအပေါ် ကျသွားခဲ့မယ်ဆိုရင်တော် ကျွန်တော့်ကြောင့် ဖာမီနိုအအေးပတ်သွားတယ်လို့ အားလုံးက တလွဲတွေပြောကြဦးမှာ” ဟု ပြောသွားခဲ့သည်။

-Ref; Sky sports