ပရီးမီးယားလိဂ်တွင် မန်ယူအသင်းနှင့် ဖရက်ဒ်အောင်မြင်မည်ဟု ၀ီလျံဆို

ဘရာဇီးအသင်းဖော် ၀ီလျံက မန်ယူအသင်းနှင့် အပြောင်းအရွှေ့ဖြစ်မြောက်သွားခဲ့သည့် ဖရက်ဒ်အတွက် ၀မ်းမြောက်မိသည်ဟု ဆိုခဲ့ပြီး ဖရက်ဒ်မှာ အရည်အသွေးရှိသူ တစ်ယောက်ဖြစ်ခြင်းကြောင့် ပရီးမီးယားလိဂ်တွင် မန်ယူအသင်းနှင့် အောင်မြင်လိမ့်မည်ဟု ပြောသွားခဲ့သည်။

ဖရက်ဒ်မှာ မန်ယူအသင်းသို့ ပြောင်းရွှေ့ကြေးပေါင် ၅၂ သန်း နှင့် (၅)နှစ်စာချုပ် ချုပ်ဆိုသွားခဲ့ပြီဖြစ်ကြောင်း မန်ယူအသင်းက ကြေညာသွားခဲ့သည်။ ၀ီလျံက ” သူ(ဖရက်ဒ်) အောင်မြင်မှာပါ။ သူ့အပေါ်မှာ သံသယ မရှိဘူး။ သူဟာ အရည်အသွေးရှိသူ တစ်ယောက်ပါ။ သူ့မှာ နောက်ထပ်တိုးတက်လာနိုင်တဲ့ အရည်အသွေးတွေလည်း ရှိနေပါတယ်။

အခုဆိုရင် ကမ္ဘာ့အကောင်းဆုံးအသင်းကို ရောက်သွားပြီ။ သူ့အတွက် ကျွန်တော် ၀မ်းမြောက်မိပါတယ်။ မန်ယူမှာလည်း သူအောင်မြင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားခွင့်ရသွားလို့ သူလည်းပျော်ရွှင်နေပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်အကြောင်းတွေ ပြောဖြစ်ပါသေးတယ်။ ဒါပေမယ့် အခုတော့ ကမ္ဘာ့ဖလားအကြောင်းပဲ စဉ်းစားရမှာပါ” ဟု ပြောသွားခဲ့သည်။

 

 -Ref; Sky sports