အမေရိကန်၌ ကျင်းပသည့် IMG Junior Golf Tour Championship ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား ပြည့်ဖြိုးသူ ဗိုလ်စွဲ

ရန်ကုန် မေ ၁၅

အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်ရှိ Grand Cypress Golf Club, New Orlando၌ မေ ၁၂ ရက်နှင့် ၁၃ရက်တို့တွင် IMG Junior Golf Tourမှ ဦးစီးကျင်းပသော IMG Junior Golf Tour Championship သက်တမ်းအလိုက် ပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ ပြည့်ဖြိုးသူက ဗိုလ်စွဲကာ ချန်ပီယံဆု ရရှိခဲ့ကြောင်း သိရသည်။

IMG Junior Golf Tour Championship ပြိုင်ပွဲ၏ အသက် ၁၅ – ၁၈ နှစ်သက်တမ်း များတွင် မြန်မာနိုင်ငံမှ ပြည့်ဖြိုးသူနှင့် သင်းဝေခိုင်တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲအပြီးတွင် ပြည့်ဖြိုးသူက နှစ်ရက်ပေါင်း ရိုက်ချက် 69+70=139(-5) ရိုက်ပြီး ပြိုင်ပွဲတွင် ချန်ပီယံဆု ရရှိခြင်းဖြစ်ပြီး အမျိုးသမီး ကစားသမား သင်းဝေခိုင် က နှစ်ရက်ပေါင်း ရိုက်ချက် 73+71= 144(E) ရိုက်ပြီး ဒုတိယဆု ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ၎င်းတို့ နှစ်ဦးစလုံးသည် IMG Golf Tourမှ ချီးမြှင့်သည့် PLAYER OF THE YEAR ဆုများ အသီးသီးရရှိခဲ့ သည်ဟု မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်မှ ထုတ်ပြန်ထားကြောင်း သိရသည်။

မြ၀တီ