ကွင်းလယ်ဒိုင် လာဟို့ဇ်ရဲ့ ရှိုးပွဲတွေ ရပ်တန့်ချိန်

အက်စ်ပန်ညိုနဲ့ ကက်တလန်ဒါဘီပွဲစဉ် မတိုင်ခင်မှာ ဘာစီလိုနာနည်းပြ ဇာဗီက ကွင်းလယ်ဒိုင် လာဟို့ဇ်အပေါ် အမြင်ကြည်လင်နေခဲ့ တယ်။ “လာဟို့ဇ်ကို ကျွန်တော် သဘောကျပါတယ်။ သူက ကစားသမားတစ်ဦးလို ခံစားပြီးပွဲ ပေါင်းများစွာ တာဝန်ယူဖူးတယ်။သူက စကားအများကြီးပြောပြီး အပြုသဘောဆောင်ပါတယ်။ ကွင်းလယ်ဒိုင်ဆိုတာ တရားမျှတရပါမယ်။ ပွဲကြောင်နေလို့မရပါဘူး” လို့ ဇာဗီ ပြောဖူးတာပါပဲ။

တကယ်တမ်း ကက်တလန်ဒါဘီပွဲ ပြီးဆုံးချိန်မှာ လာဟို့ဇ် အပေါ် ဇာဗီရဲ့သဘောထား ပြောင်းလဲနေပါလိမ့်မယ်။ စိတ်ထဲ သတ်တောင်သတ်ပစ်ချင်နေမလား မပြောတတ်ဘူး။ အဝါကတ်တွေ၊ အနီကတ်တွေ ပြသလွန်းလို့ Card Crazy ဆိုပြီး လာဟို့ဇ် နာမည်ပြောင်ရထားတယ်။ နယ်သာလန်နဲ့ အာဂျင်တီးနားတို့ရဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲတုန်းက အဝါကတ် (၁၈)ကတ်နဲ့ အနီကတ် (၁)ကတ်ပြသခဲ့သူ လာဟို့ဇ်ဟာ ကက်တလန်ဒါဘီမှာ အဝါကတ် (၁၅)ကတ် နဲ့ အနီကတ် (၂)ကတ် ပြသခဲ့ပြန်တယ်။ ဘာစီလိုနာက အဝါကတ် (၇) ကတ်၊ အက်စ်ပန်ညိုက အဝါကတ်(၈)ကတ်နဲ့ အနီကတ်ကတော့ တစ်သင်းကို တစ်ကတ်စီ ပိုင်ဆိုင်ခဲ့တာပါပဲ။