ပြည်ခိုင်ဖြိုးပါတီမှ သနပ်ပင်မြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် သနပ်ပင်မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမတွင် ဇန်နဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လူငယ်ဆွေးနွေးပွဲစကားဝိုင်း အားကျင်းပပြုလုပ် ခဲ့သည် ။ အဆိုပါဆွေးနွေးပွဲသို့ ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌ ဦး ရဲမြင့်ထွန်းနှင့် တိုင်းကော်မတီဝင်များ ၊ ခရိုင်ပါတီဥက္ကဌ ဦးအောင်စိုးနှင့် ခရိုင်ကော်မတီဝင်များ ၊ သနပ်ပင် မြို့နယ်ပါတီဥက္ကဌဦးတင်မျိုးဝင်းနှင့်မြို့နယ်ကော်မတီဝင်များ ၊သနပ်ပင်မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၆၆)စုမှ ပထမဆုံးမဲဆန္ဒပေးမည့်လူငယ်များ တက်ရောက်ခဲ့သည် ။ ရှေး ဦးစွာ တိုင်းဒေသကြီး ပါတီဥက္ကဌမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ရာတွင် လူငယ်နှင့်ပါတီ၏အနာဂတ် ၊ ပါတီ၏လူငယ်များအပေါ်ထားရှိသောမူဝါဒ သဘောထား ၊ တွေ့ဆုံဆွေးနွေးရသည့်အကြောင်းအရင်းတို့အား ရင်းနှီးနွေးထွေးစွာပြောကြားခဲ့သည် ။ အစီအစဉ် အရခရိုင်ပါတီ၏ ဥက္ကဌ ဦးအောင်စိုးမှ ခရိုင်ပါတီ၏ လူငယ်ရေးရာလုပ်ငန်းများ ဆောင်ရွှက်နေမှု အား အသေးစိတ်ပြောကြားခဲ့ပြီး ပါတီဗဟိုကော်မတီဝင် တိုင်းဒေသကြီးလူငယ်ရေးရာတာဝန်ခံ ဒေါက်တာသန့်ဇော်လွင်မှ “လူငယ်နှင့်နိုင်ငံရေး” ၊ “လူငယ်နှင့်မြန်မာနိုင်ငံ” ၊ “လူငယ်နှင့်ပညာရေး” ၊ “လူငယ်နှင့်မူးယစ်ဆေးဝါး၏ဆိုးကျိုးများ ” ၊ “လူငယ်နှင့်အလုပ်အကိုင်းအခွင့်အလမ်း” ၊ နိုင်ငံတကာ၏နိုင်ငံရေးဖြစ်စဥ်များအား တက်ရောက်လာကြသော လူငယ်များနှင့်အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသောလူငယ်များမှ မိမိတို့သိရှိလိုသော ကိစ္စရပ်များ အားပြန်လည်မေးမြန်းဆွေးနွေးခဲ့ရာ တိုင်းပါတီလူငယ်ရေးရာတာဝန်ခံနှင့်ပါတီတာဝန်ရှိသူများမှ အသေးစိတ်ပြန် ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ထူးချွန်စွာဆွေးနွေးခဲ့သော လူငယ်လေးဦးအား ပါတီ၏တာဝန်ရှိသူများမှ အမှတ်တရလက်ဆောင်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆွေးနွေးပွဲအားအောင်မြင်စွာ ရုပ်သိမ်းခဲ့သည် ။ ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ရေးရာကော်မတီခွဲကဏ္ဍများအလိုက် ပါတီ လုပ်ငန်းစဉ်များ ညွန်ကြားချက်များအားဖော်ဆောင်လျှက်ရှိပြီး ရက်ပေါင်း ၉၀ သုံးလတာပါတီ၏ လုပ်ငန်းစဉ်များ ရာနှုန်းပြည့် အောင်မြင်စွာဆောင်ရွှက်နိုင်ရေးအတွက်စီမံဖော်လျှက်ရှိသည်။

#USDP #Bago #ThatNatPin