မန္ယူအသင္းရဲ့ ရွယ္ယာပိုင္ရွင္ တရားဝင္ျဖစ္လာတဲ့ ရက္ကလစ္ဖ္

ေဖေဖာ္ဝါရီ ၁၅

ပရီးမီးယားလိဂ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ မန္ယူအသင္းရဲ့ ရွယ္ယာရွင္ကိစၥနဲ႔ပတ္သက္တဲ့ စာရြက္စာ တမ္းေတြကို စစ္ေဆးခဲ့ၿပီးေနာက္ ရက္ကလစ္ဖ္ရဲ့ ရွယ္ယာရွင္ျဖစ္လာဖို႔ တင္သြင္းခ်က္ကို ေဖေဖာ္ဝါရီ(၁၃)ရက္မွာ တရားဝင္ခြင့္ျပဳေပးခဲ့ပါတယ္။

ရက္ကလစ္ဖ္ဟာ မန္ယူအသင္းရဲ့ ရွယ္ယာ(၂၅)ရာခိုင္ႏႈန္းကို ၿပီးခဲ့တဲ့ဒီဇင္ဘာ(၂၄)ရက္ေန႔ ကတည္းက ဝယ္ယူခဲ့တာျဖစ္ေပမယ့္ ရွယ္ယာရွင္အျဖစ္ တရားဝင္သတ္မွတ္ခံရဖို႔အတြက္ ပရီးမီးယားလိဂ္ရဲ့ စစ္ေဆးမႈေတြကို ခံယူခဲ့ရတာပါ။ ရက္ကလစ္ဖ္ဟာ အားကစားနယ္ပယ္မွာ ကၽြမ္းက်င္သူတစ္ေယာက္ ျဖစ္တာ ေၾကာင့္ မန္ယူအသင္းအတြက္ ေကာင္းမြန္တဲ့အရာေတြကို သယ္ေဆာင္ေပးနိုင္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း မန္ယူအသင္းနည္းျပတန္ဟတ္က ေျပာခဲ့ပါတယ္။

မန္ယူအသင္းရဲ့ အားကစားဒါရိုက္တာ ရာထူးကို ရက္ကလစ္ဖ္ ပိုင္ဆိုင္တဲ့ အင္နီယို႔စ္မွာ ဒါရိုက္တာအျဖစ္ လုပ္ေဆာင္ေနတဲ့ ဘေရးစဖို႔ဒ္က တာဝန္ယူ သြားမယ္လို႔ သိရပါတယ္။

ရက္ကလစ္ဖ္အေနနဲ႔ မန္ယူအသင္းကို တရားဝင္စီမံခြင့္ရၿပီျဖစ္လို႔ အေမရိကန္ေဒၚလာ သန္း(၃၀၀)ကိုလည္း အသင္းအတြက္ ရင္းႏွီးျမႇုပ္ႏွံသြားဖို႔ စီစဥ္ေနပါတယ္။

=========

မန်ယူအသင်းရဲ့ ရှယ်ယာပိုင်ရှင် တရားဝင်ဖြစ်လာတဲ့ ရက်ကလစ်ဖ်

ဖေဖော်ဝါရီ ၁၅

ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်ဟာ မန်ယူအသင်းရဲ့ ရှယ်ယာရှင်ကိစ္စနဲ့ပတ်သက်တဲ့ စာရွက်စာ တမ်းတွေကို စစ်ဆေးခဲ့ပြီးနောက် ရက်ကလစ်ဖ်ရဲ့ ရှယ်ယာရှင်ဖြစ်လာဖို့ တင်သွင်းချက်ကို ဖေဖော်ဝါရီ(၁၃)ရက်မှာ တရားဝင်ခွင့်ပြုပေးခဲ့ပါတယ်။

ရက်ကလစ်ဖ်ဟာ မန်ယူအသင်းရဲ့ ရှယ်ယာ(၂၅)ရာခိုင်နှုန်းကို ပြီးခဲ့တဲ့ဒီဇင်ဘာ(၂၄)ရက်နေ့ ကတည်းက ဝယ်ယူခဲ့တာဖြစ်ပေမယ့် ရှယ်ယာရှင်အဖြစ် တရားဝင်သတ်မှတ်ခံရဖို့အတွက် ပရီးမီးယားလိဂ်ရဲ့ စစ်ဆေးမှုတွေကို ခံယူခဲ့ရတာပါ။ ရက်ကလစ်ဖ်ဟာ အားကစားနယ်ပယ်မှာ ကျွမ်းကျင်သူတစ်ယောက် ဖြစ်တာ ကြောင့် မန်ယူအသင်းအတွက် ကောင်းမွန်တဲ့အရာတွေကို သယ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း မန်ယူအသင်းနည်းပြတန်ဟတ်က ပြောခဲ့ပါတယ်။

မန်ယူအသင်းရဲ့ အားကစားဒါရိုက်တာ ရာထူးကို ရက်ကလစ်ဖ် ပိုင်ဆိုင်တဲ့ အင်နီယို့စ်မှာ ဒါရိုက်တာအဖြစ် လုပ်ဆောင်နေတဲ့ ဘရေးစဖို့ဒ်က တာဝန်ယူ သွားမယ်လို့ သိရပါတယ်။

ရက်ကလစ်ဖ်အနေနဲ့ မန်ယူအသင်းကို တရားဝင်စီမံခွင့်ရပြီဖြစ်လို့ အမေရိကန်ဒေါ်လာ သန်း(၃၀၀)ကိုလည်း အသင်းအတွက် ရင်းနှီးမြှုပ်နှံသွားဖို့ စီစဉ်နေပါတယ်။