အိမ်ရှင်ကာတာသို့ ကမ္ဘာ့ဖလားချန်ပီယံဆု ရောက်ရှိ

ဖီဖာကမ္ဘာ့ဖလားချန်ပီယံဆုဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကျင်းပမယ့် ကာတာနိုင်ငံဆီ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ပြိုင်ပွဲမစတင်ခင် ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်း ၅၁ နိုင်ငံဆီ လှည့်လည်ပြသခဲ့တဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုဟာ တနင်္ဂနွေနေ့မှာတော့ ဒိုဟာမြို့က ဟာမက် နိုင်ငံတကာလေဆိပ်ဆီ ရောက်ရှိ လာခဲ့တာပါ။ ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်ကစတင်ပြီး ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွစ်ဇာလန်နိုင်ငံမှာ စတင်လှည့် လည်ပြသခဲ့သလို ဥရုဂွေးနိုင်ငံမှာ ခရီးစဉ်အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၃၂ နိုင်ငံရဲ့ လက်ရွေးစင် အသင်းတွေ ပါဝင်ယှဉ်ပြိုင်မယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာ ၂၀ ရက်မှာ စတင်ကျင်းပတော့မှာပါ။ အိမ်ရှင် ကာတာအသင်းကတော့ လာမယ့် တနင်္ဂနွေနေ့မှာ ပြိုင်ပွဲရဲ့အဖွင့်ပွဲအဖြစ် အီကွေဒေါနဲ့ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။