ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ ဦးေဆာင္သည့္ ျမန္မာကိုယ္စားလွယ္အဖြဲ႕ “For the Freedom Of Nations Forum” သို႔တက္ေရာက္ရန္ ႐ုရွားနိုင္ငံသို႔ထြက္ခြာ

ေဖေဖာ္ဝါရီ ၁၃၊ ရန္ကုန္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ ဦးေဆာင္ေသာ ျမန္မာကိုယ္စားလွယ္အဖြဲ႕သည္ ႐ုရွားနိုင္ငံ၊ ေမာ္စကိုၿမိဳ႕၌ က်င္းပမည့္ “For the Freedom Of Nations Forum” သို႔ တက္ေရာက္ရန္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွ ယေန႔ ထြက္ခြာသြားခဲ့ပါသည္။
၎ Forum ကို ႐ုရွားနိုင္ငံ United Russia Party မွ ကမကထျပဳလုပ္ ေဆာင္ရြက္ျခင္းျဖစ္ၿပီး အယ္လ္ဂ်ီးရီးယား၊ ဘီလာ႐ု၊ ဘရာဇီး၊ တ႐ုတ္၊ က်ဴးဘား၊ အင္ဒိုနီးရွား၊ လာအို၊ လက္ဘႏြန္၊ မိုဇမ္ဗစ္၊ နီကာရာရြာ၊ ႐ုရွား၊ ေတာင္အာဖရိက၊ ဆီးရီးယား၊ တာဂ်ကစၥတန္၊ ဗင္နီဇြဲလား၊ ဇင္ဘာေဘြ နိုင္ငံမ်ားမွ နိုင္ငံေရးပါတီအႀကီးအကဲမ်ား တက္ေရာက္ၾကမည္ျဖစ္ပါသည္။
ျမန္မာကိုယ္စားလွယ္အဖြဲ႕အေနျဖင့္ သက္ဆိုင္ရာအစည္းအေဝးမ်ားအျပင္ ႏွစ္နိုင္ငံပါတီမ်ား အခ်င္းခ်င္းဆက္သြယ္ေဆြးေႏြးရန္ရွိေၾကာင္းလည္း သတင္းရရွိပါသည္။

========

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ “For the Freedom Of Nations Forum” သို့တက်ရောက်ရန် ရုရှားနိုင်ငံသို့ထွက်ခွာ
*********
ဖေဖော်ဝါရီ ၁၃၊ ရန်ကုန်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပမည့် “For the Freedom Of Nations Forum” သို့ တက်ရောက်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ယနေ့ ထွက်ခွာသွားခဲ့ပါသည်။
၎င်း Forum ကို ရုရှားနိုင်ငံ United Russia Party မှ ကမကထပြုလုပ် ဆောင်ရွက်ခြင်းဖြစ်ပြီး အယ်လ်ဂျီးရီးယား၊ ဘီလာရု၊ ဘရာဇီး၊ တရုတ်၊ ကျူးဘား၊ အင်ဒိုနီးရှား၊ လာအို၊ လက်ဘနွန်၊ မိုဇမ်ဗစ်၊ နီကာရာရွာ၊ ရုရှား၊ တောင်အာဖရိက၊ ဆီးရီးယား၊ တာဂျကစ္စတန်၊ ဗင်နီဇွဲလား၊ ဇင်ဘာဘွေ နိုင်ငံများမှ နိုင်ငံရေးပါတီအကြီးအကဲများ တက်ရောက်ကြမည်ဖြစ်ပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် သက်ဆိုင်ရာအစည်းအဝေးများအပြင် နှစ်နိုင်ငံပါတီများ အချင်းချင်းဆက်သွယ်ဆွေးနွေးရန်ရှိကြောင်းလည်း သတင်းရရှိပါသည်။