ကနီမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လာပို့ကျေးရွာအုပ်စု ပါတီဆိုင်းဘုတ်တင်ပွဲနှင့် ပါတီဝင်များ ရေနွေးကြမ်းစကားဝိုင်းတွေ့ဆုံ

 

ကနီ မတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင် ခရိုင် ကနီမြို့နယ်လာပို့ကျေးရွာအုပ်စုလာပို့ ကျေးရွာ ရပ်/ကျေးပါတီဥက္ကဋ္ဌနေအိမ်၌ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲ အခမ်း အနားကို ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပခဲ့သည်။

ယင်းအခမ်းအနားကို ကနီမြို့နယ်ပါတီ နာယကဦးရှိန်၊ဥက္ကဋ္ဌဦးကျန်ထွန်း၊ နယ်မြေ တာဝန်ခံပါတီကော်မတီဝင်များ၊ ရပ်မိရပ်ဖ များ၊ ပါတီဝင်များတက်ရောက်ခဲ့ကြသည်။ ဆက်လက်၍ ပါတီဆိုင်းဘုတ်အား အမွှေး နံ့သာရည်များဖြင့်ပက်ဖျန်းပြီး ဆိုင်းဘုတ် တင်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

ဆက်လက်၍ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျန်ထွန်းက ဒီမိုကရေစီကျင့်သုံးသော နိုင်ငံတိုင်း ပြည်သူများ၏ရပိုင်ခွင့်များ၊ တည်ဆဲဥပဒေများ၏ပြည်သူများအပေါ် အကျိုးသက်ရောက်စေမည့် အချက်များကို ရှင်းလင်းပြောကြားပြီး၊ တက်ရောက်လာ သူများအား လက်ရှိဖြစ်ပေါ်နေသောဥပဒေ ကိစ္စရပ်များ၊ ပါတီ၏ရည်ရွယ်ချက်၊ ရည် မှန်းချက်၊ ရှေ့လုပ်ငန်းစဉ်များကိုရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက်ပါတီနာယက ဦးရှိန်က လတ်တလောဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများကို ထပ်ဆင့်ရှင်း လင်းပြောကြားခဲ့ကြပြီး အခမ်းအနားကို မွန်းလွဲ ၂နာရီတွင် ပြီးစီးခဲ့သည်။

အောင်မျိုးထွန်း(ကနီလူငယ်)