ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးစန်းမင်းနှင့် နယ်မြေ တာဝန်ခံ ဦးဝဏ္ဏထွန်းတို့သည် လပွတ္တာမြို့နယ် ကုက္ကိုကျေးရွာအုပ်စု မြစ်ပေါက်ကျေးရွာအုပ်စု ဘုန်းကြီး ကုန်းကျေးရွာအုပ်စု ဆားချက်ကျေးရွာအုပ်စုများသို့၂၁.၁၁.၂၀၂၂ မှ ၂၂.၁၁.၂၀၂၂အထိကွင်းဆင်း၍ ကျေးရွာအုပ်စုပါတီကော်မတီများ ပါတီဝင်များ ပါတီဝန်းရံသူများနှင့်တွေ့ဆုံ

တွေ့ဆုံပွဲတွင် မြို့နယ်အတွင်းရေးမှူး ဦးစန်းမင်းမှ (၃) လတာ ကာလ ရက် (၉၀) စီမံချက်ပါ ပါတီ လုပ်ငန်းစဉ် များ  ရှင်းလင်းခြင်း၊ အသွင်သစ်ဖြင့်ဆက်ဆံရေး ” ဟူသောဆောင်ပုဒ်ကို ကိုင်စွဲ၍ ပထမရက် (၉၀)စီမံချက်ကာလပြင်ဆင်ဆောင်ရွက်‌ နေမှု အခြေအနေများ၊ပါတီ၏မူဝါဒသဘောများ၊ ပါတီဝင်အင်အား စာရင်းစိစစ်‌ခြင်း၊ပါတီဝင်အသစ်တိုးပွားရေး၊ပါတီဝန်းရံထောက်ခံသူများ စုဆောင်းရေး မြေပြင်ပါတီဝင်များ အားလုံး၏စာရင်းအမှန်ရရှိရေး စုဖွဲ့ထားမှုအခြေနေများ ဗဟိုဌာနချုပ် ၊ တိုင်းဒေသကြီး ၊ ခရိုင်ပါတီများ ၏လုပ်ငန်းလမ်းညွန်ချက်များအား ဆွေးနွေးခဲ့ပြီး မြို့နယ်ပါတီကော်မတီဝင် နယ်မြေတာဝန်ခံ ဦးဝဏ္ဏထွန်း မှရွေးကောက်ပွဲစနစ်(PR)အားရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

မြို့နယ်ပါတီ၏ ဆွေးနွေးရှင်းလင်းမှုများအပေါ် တက်ရောက်လာကြသော ရပ်ကျေးပါတီကော်မတီဝင်များမှ ပြန်လည်ဆွေးနွေးခဲ့​ကြရာတွင် မြေပြင်ပကတိအခြေနေ လုပ်ငန်းဆောင်ရွှက်ရာတွင် ကြုံတွေ့နေရသော ကိစ္စရပ်များ ၊ ရပ်ကွက်၊ကျေးရွာပါတီများ၏ စုဖွဲ့ထားရှိမှုများနှင့် ၎င်းတို့သိရှိလိုသည်များအား ပြန်လည်​မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။ လပွတ္တာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နှင့် ကုက္ကို၊ မြစ်ပေါက်၊ဘုန်းကြီးကုန်း၊ ဆားချက် ကျေးရွာအုပ်စုများရှိ ပါတီကော်မတီဝင်များ ​​တွေ့ဆုံပွဲသို့အင်အား (၁၁၈) ဦးတက်ရောက်ခဲ့ကြ ကြောင်း သတင်းရရှိပါသည်။