အလြန႔္အလြန္ပါးလႊာေသာ ဆိုလာျပား တ႐ုတ္တီထြင္

သာမန္ စကၠဴတစ္ရြက္ထက္ပင္ပါးလႊာၿပီး၊ ၀ ဒသမ ၀၅၇ မီလီမီတာ မွ ၀ ဒသမ ၁၅၇ မီလီမီတာ အထိသာ အထူရွိမည့္ ဆိုလာျပားအသစ္တစ္မ်ိဳးကို တ႐ုတ္သိပၸံပညာရွင္မ်ားက စမ္းသပ္ထုတ္လုပ္လိုက္ေၾကာင္း သိရသည္။
အဆိုပါ ဆိုလာျပားသည္ ဆီလီကြန္အလႊာပါးႏွစ္ခုကို ေပါင္းစပ္ျပဳလုပ္ထားျခင္းျဖစ္ၿပီး၊ အေလးခ်ိန္-စြမ္းအင္ အခ်ိဳး ၂၆ ဒသမ ၈၁ ရာခိုင္ႏႈန္းအထိ ရွိသျဖင့္၊ ပစၥည္း၏ အေလးခ်ိန္အလိုက္ စြမ္းအင္ထုတ္လုပ္နိုင္မႈတြင္ စံခ်ိန္တင္သြားသည္။
ယခု အသစ္တီထြင္လိုက္ေသာ ဆိုလာျပားအသစ္ကို အသုံးခ်ျခင္းအားျဖင့္ နည္းပညာဆိုင္ရာ က႑သစ္တစ္ရပ္ကို က်ယ္ျပန႔္စြာဖြင့္လွစ္နိုင္ေတာ့မည္ဟု နိုင္ငံတကာ သိပၸံပညာရွင္မ်ားက ဆိုၾကသည္။
မၾကာေသးမီကလည္း ေပက်င္းၿမိဳ႕အေျခစိုက္ Betavolt ကုမၸဏီသည္ အားတစ္ႀကိမ္သြင္းၿပီးလၽွင္ ႏွစ္ေပါင္း ၅၀ ၾကာသည္အထိ အားျပန္သြင္းစရာမလိုပဲ ဆက္တိုက္အသုံးျပဳနိုင္ေသာ န်ဴကလီးယားဘက္ထရီအသစ္တစ္မ်ိဳးကို စမ္းသပ္ထုတ္လုပ္ခဲ့ေသးသည္။

=========

အလွန့်အလွန်ပါးလွှာသော ဆိုလာပြား တရုတ်တီထွင်

သာမန် စက္ကူတစ်ရွက်ထက်ပင်ပါးလွှာပြီး၊ ၀ ဒသမ ၀၅၇ မီလီမီတာ မှ ၀ ဒသမ ၁၅၇ မီလီမီတာ အထိသာ အထူရှိမည့် ဆိုလာပြားအသစ်တစ်မျိုးကို တရုတ်သိပ္ပံပညာရှင်များက စမ်းသပ်ထုတ်လုပ်လိုက်ကြောင်း သိရသည်။
အဆိုပါ ဆိုလာပြားသည် ဆီလီကွန်အလွှာပါးနှစ်ခုကို ပေါင်းစပ်ပြုလုပ်ထားခြင်းဖြစ်ပြီး၊ အလေးချိန်-စွမ်းအင် အချိုး ၂၆ ဒသမ ၈၁ ရာခိုင်နှုန်းအထိ ရှိသဖြင့်၊ ပစ္စည်း၏ အလေးချိန်အလိုက် စွမ်းအင်ထုတ်လုပ်နိုင်မှုတွင် စံချိန်တင်သွားသည်။
ယခု အသစ်တီထွင်လိုက်သော ဆိုလာပြားအသစ်ကို အသုံးချခြင်းအားဖြင့် နည်းပညာဆိုင်ရာ ကဏ္ဍသစ်တစ်ရပ်ကို ကျယ်ပြန့်စွာဖွင့်လှစ်နိုင်တော့မည်ဟု နိုင်ငံတကာ သိပ္ပံပညာရှင်များက ဆိုကြသည်။
မကြာသေးမီကလည်း ပေကျင်းမြို့အခြေစိုက် Betavolt ကုမ္ပဏီသည် အားတစ်ကြိမ်သွင်းပြီးလျှင် နှစ်ပေါင်း ၅၀ ကြာသည်အထိ အားပြန်သွင်းစရာမလိုပဲ ဆက်တိုက်အသုံးပြုနိုင်သော နျူကလီးယားဘက်ထရီအသစ်တစ်မျိုးကို စမ်းသပ်ထုတ်လုပ်ခဲ့သေးသည်။