စပါးတိုက်စစ်မှူး ဆွန်ဟွမ်မင် ကိုရီးယားပြန်၍ စစ်မှုထမ်းဖွယ်ရှိ

စပါးမှတောင်ကိုရီးယား တိုက်စစ်မှူး ဆွန်ဟွမ်မင်သည် မိခင်နိုင်ငံသို့ ပြန်ကာစစ်မှုထမ်းရမည်ဖြစ်သောကြောင့် နှစ်ရာသီကြာ     ဘောလုံးကစားနိုင်မည် မဟုတ်ပေ။

တောင်ကိုရီးယား ဥပဒေအရ အသက် (၂၈) နှစ်မပြည့်မီ စစ်မှုထမ်းရန် လိုအပ်သဖြင့် ဆွန်ဟွမ်မင် (၂၅) နှစ် သည်၂၀၁၉-၂၀ နှင့် ၂၀၂၀-၂၁ ဘောလုံးရာသီများတွင် တောင်ကိုရီးယားသို့ ပြန်၍ မဖြစ်မနေ စစ်မှုထမ်းဆောင် ရမည်ဖြစ်သည်။

သို့သော် ၎င်းအနေဖြင့် ရွေးချယ်သော စစ်တပ်၏ ဌာနအပေါ် မူတည်၍ ၂၁ လနှင့် ၃၆ လကြာ စစ်မှုထမ်းကာလ သတ်မှတ်ထားသဖြင့် စပါးသည် ၎င်းကိုလက် လွှတ်ရမည့်ကာလမှာ ဆွန်ဟွမ်မင်၏ ရွေးချယ်မှုအပေါ် မူတည်နေသည်။

သို့သော် နိုင်ငံတကာအားက စားပြိုင်ပွဲများတွင် ထူးထူးခြားခြား စွမ်းဆောင်နိုင်သော လူငယ်ကစားသမားများ အတွက် ခြွင်းချက်တစ်ခု ရှိနေသည်။

၁၉၉၂ ဇူလိုင် ၈ ရက်က မွေးသော ဆွန်သည် ၂၀၂၀ ပြည့်နှစ် တွင် (၂၈) နှစ်ပြည့်မည်ဖြစ်ပြီး တောင်ကိုရီးယားက စစ်မှုထမ်းရန် ခေါ်ယူပါက နှစ်ရာသီစာ ဘောလုံးနှင့် ဝေးနေနိုင်သလို ၎င်းအနေဖြင့် ရုရှားကမ္ဘာ့ဖလား၊ အာရှပြိုင်ပွဲနှင့် အာရှဖလားတို့၌ ခြေစွမ်းပြ စွမ်းဆောင်နိုင်ပါက ခြွင်းချက်ဖြင့်    ဘောလုံးဆက်လက် ကစားခွင့် ရှိမည်ဖြစ်သည်။    

မြ၀တီ