အီတလီစူပါဖလားကို အင္တာမီလန္အသင္းက သုံးႏွစ္ဆက္ ရရွိ

ဇန္နဝါရီ ၂၃

မေန႔ညက ကစားခဲ့တဲ့ အီတလီစူပါဖလားဗိုလ္လုပြဲစဥ္မွာ အင္တာမီလန္က နာပိုလီကို မာတီနက္ဇ္ရဲ့ေနာက္က်သြင္းဂိုးနဲ႔ အနိုင္ကစားၿပီး ခ်န္ပီယံဖလားကို ဆက္လက္ကာကြယ္သြားနိုင္ခဲ့ပါတယ္။

အင္တာမီလန္ဟာ အီတလီစူပါဖလား ဖိုင္နယ္ကို ၂၀၂၁၊ ၂၀၂၂၊၂၀၂၃ သုံးႏွစ္လုံး‌တက္ေရာက္နိုင္ခဲ့ၿပီး ၃ ႏွစ္လုံးဖလားရရွိေအာင္စြမ္းေဆာင္ျပနိုင္ခဲ့တာလည္းျဖစ္ပါတယ္။

အင္တာမီလန္တိုက္စစ္ပိုင္းက မာတီနက္ဇ္ကေတာ့ ဒီရာသီမွာ အေကာင္းဆုံးအေနအထားတစ္ခုကို ေရာက္ေနတာျဖစ္ၿပီး အသင္းအတြက္ အမ်ားႀကီးလုပ္ျပထားနိုင္ခဲ့တာပါ။

အင္တာမီလန္အသင္းဟာ နာပိုလီကိုပြဲခ်ိန္ျပည့္ ဖိအားေပးကစားနိုင္ခဲ့သလို မိနစ္ ၆၀ မွာ နာပိုလီတိုက္စစ္မႉး ဆီႁမြန္နီ အနီကတ္ထိခဲ့တာေၾကာင့္ တစ္ေယာက္ေလ်ာ့အေနအထားနဲ႔ ပြဲၿပီးတဲ့ အထိရင္ဆိုင္ခဲ့ရတာလည္းျဖစ္ပါတယ္။

==========

အီတလီစူပါဖလားကို အင်တာမီလန်အသင်းက သုံးနှစ်ဆက် ရရှိ

ဇန်နဝါရီ ၂၃

မနေ့ညက ကစားခဲ့တဲ့ အီတလီစူပါဖလားဗိုလ်လုပွဲစဉ်မှာ အင်တာမီလန်က နာပိုလီကို မာတီနက်ဇ်ရဲ့နောက်ကျသွင်းဂိုးနဲ့ အနိုင်ကစားပြီး ချန်ပီယံဖလားကို ဆက်လက်ကာကွယ်သွားနိုင်ခဲ့ပါတယ်။

အင်တာမီလန်ဟာ အီတလီစူပါဖလား ဖိုင်နယ်ကို ၂၀၂၁၊ ၂၀၂၂၊၂၀၂၃ သုံးနှစ်လုံး‌တက်ရောက်နိုင်ခဲ့ပြီး ၃ နှစ်လုံးဖလားရရှိအောင်စွမ်းဆောင်ပြနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အင်တာမီလန်တိုက်စစ်ပိုင်းက မာတီနက်ဇ်ကတော့ ဒီရာသီမှာ အကောင်းဆုံးအနေအထားတစ်ခုကို ရောက်နေတာဖြစ်ပြီး အသင်းအတွက် အများကြီးလုပ်ပြထားနိုင်ခဲ့တာပါ။

အင်တာမီလန်အသင်းဟာ နာပိုလီကိုပွဲချိန်ပြည့် ဖိအားပေးကစားနိုင်ခဲ့သလို မိနစ် ၆၀ မှာ နာပိုလီတိုက်စစ်မှူး ဆီမြွန်နီ အနီကတ်ထိခဲ့တာကြောင့် တစ်ယောက်လျော့အနေအထားနဲ့ ပွဲပြီးတဲ့ အထိရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။