ေျခစမ္းပြဲအတြက္ ေရာ္နယ္ဒိုရဲ့ အယ္နာဆာအသင္း တ႐ုတ္ ေရာက္ရွိေန

ဇန္နဝါရီ ၂၃

ေျခစမ္းပြဲကစားဖို႔အတြက္ တ႐ုတ္နိုင္ငံကိုေရာက္ေနတဲ့ ေဆာ္ဒီကလပ္၊ အယ္နာဆာအသင္းရဲ့လူစာရင္းမွာ ေပၚတူဂီတိုက္စစ္မႉး ေရာ္နယ္ဒိုလည္း ပါဝင္လာခဲ့တယ္လို႔ သိရပါတယ္။

အာရွဖလားၿပိဳင္ပြဲရွိတဲ့အတြက္ ေဆာ္ဒီပရိုလိဂ္ၿပိဳင္ပြဲကို ရပ္နားထားရတာေၾကာင့္ အယ္နာဆာအသင္းဟာ တ႐ုတ္နိုင္ငံမွာ ေျခစမ္းပြဲကစားဖို႔ စီစဥ္ခဲ့တာလည္းျဖစ္ပါတယ္။

ေျခစမ္းပြဲကစားမယ့္ အယ္နာဆာအသင္းသားေတြဟာ တ႐ုတ္နိုင္ငံ၊ ရွန္က်န္းၿမိဳ႕ကို ယမန္ေန႔က ေရာက္လာခဲ့တာျဖစ္ၿပီး တ႐ုတ္ပရိသတ္ေတြကလည္း ဝမ္းသာအားရ ႀကိဳဆိုခဲ့ၾကပါတယ္။

ေရာ္နယ္ဒိုပါဝင္လာတဲ့ အယ္နာဆာအသင္းဟာ ဇန္နဝါရီ ၂၄ ရက္တြင္ ရွန္ဟိုင္းရွင္ဟြာ၊ ဇန္နဝါရီ ၂၈ ရက္တြင္ က်စ္ေက်ာင္းအသင္းမ်ားႏွင့္ ေျခစမ္းပြဲ ကစားသြားမွာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပထားပါတယ္။

အယ္နာဆာအသင္းဟာ အခုရာသီ၊ ေဆာ္ဒီပရိုလိဂ္ (၁၉)ပြဲကစားၿပီးခ်ိန္မွာ (၁၅)ပြဲနိုင္၊ (၁)ပြဲသေရ၊ (၃)ပြဲရႈံးရလဒ္နဲ႔အတူ အမွတ္ေပးဇယား ရဲ့ အဆင့္(၂)ေနရာမွာ ရပ္တည္ေနပါတယ္။

=========

ခြေစမ်းပွဲအတွက် ရော်နယ်ဒိုရဲ့ အယ်နာဆာအသင်း တရုတ် ရောက်ရှိနေ

ဇန်နဝါရီ ၂၃

ခြေစမ်းပွဲကစားဖို့အတွက် တရုတ်နိုင်ငံကိုရောက်နေတဲ့ ဆော်ဒီကလပ်၊ အယ်နာဆာအသင်းရဲ့လူစာရင်းမှာ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုလည်း ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။

အာရှဖလားပြိုင်ပွဲရှိတဲ့အတွက် ဆော်ဒီပရိုလိဂ်ပြိုင်ပွဲကို ရပ်နားထားရတာကြောင့် အယ်နာဆာအသင်းဟာ တရုတ်နိုင်ငံမှာ ခြေစမ်းပွဲကစားဖို့ စီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။

ခြေစမ်းပွဲကစားမယ့် အယ်နာဆာအသင်းသားတွေဟာ တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့ကို ယမန်နေ့က ရောက်လာခဲ့တာဖြစ်ပြီး တရုတ်ပရိသတ်တွေကလည်း ဝမ်းသာအားရ ကြိုဆိုခဲ့ကြပါတယ်။

ရော်နယ်ဒိုပါဝင်လာတဲ့ အယ်နာဆာအသင်းဟာ ဇန်နဝါရီ ၂၄ ရက်တွင် ရှန်ဟိုင်းရှင်ဟွာ၊ ဇန်နဝါရီ ၂၈ ရက်တွင် ကျစ်ကျောင်းအသင်းများနှင့် ခြေစမ်းပွဲ ကစားသွားမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

အယ်နာဆာအသင်းဟာ အခုရာသီ၊ ဆော်ဒီပရိုလိဂ် (၁၉)ပွဲကစားပြီးချိန်မှာ (၁၅)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၃)ပွဲရှုံးရလဒ်နဲ့အတူ အမှတ်ပေးဇယား ရဲ့ အဆင့်(၂)နေရာမှာ ရပ်တည်နေပါတယ်။