လီဗာပူးလ်ကို ပေါင် (၂)ဘီလျံနဲ့ ၀ယ်ယူဖို့ ကြိုးစားခဲ့တဲ့ အာရပ်သူဌေး ရှိတ်ခါလက်

မန်စီးတီးပိုင်ရှင် ရှိတ်မန်ဆော နဲ့ ညီအစ်ကိုဝမ်းကွဲတော်စပ်သူဟာ လီဗာပူးအသင်းကိုပေါင် ၂ ဘီလီယံနဲ့ဝယ်ယူဖို့ ကြိုးစားခဲ့သေးတယ်လို့ သိရပါတယ်။

ရှိတ်ခါလတ် ဆိုသူဟာ ၂၀၁၇ တုန်းက လီဗာပူကို ကမ်းလှမ်းခဲ့တာဖြစ်ပြီး ပယ်ချခံခဲ့ရပါတယ်။ အဲဒီတုန်းက လီဗာပူးကသာ လက်ခံလိုက်ရင် ဘောလုံးသမိုင်းမှာ တန်ဖိုးအမြင့်ဆုံးသော ၀ယ်ယူမှုဖြစ်လာမယ်လို့လည်း သိရပါတယ်။

ရှိတ်ခါလတ်ဟာ အရှေ့အလယ်ပိုင်းဒေသမှာ အောင်မြင်မှုအရှိဆုံးသော စီးပွားရေးလုပ်ငန်းရှင် အနည်းငယ်ထဲက တစ်ဦးဖြစ်ပြီး သူ့ရဲ့မန်နေဂျင်းဒါရိုက်တာ ကီဝါအီဟာ နယူးယော့ခ်မှာ လီဗာပူးအသင်း ဥက္ကဋ္ဌ တွမ်ဝါနာနဲ့ တွေ့ဆုံးဆွေးနွေးခဲ့ပါတယ်။့ Fenway Sports Group ဟာ ၂၀၁၀ တုန်းကလီဗာပူးကို ပေါင်သန်း ၂၈၀ နဲ့ဝယ်ယူခဲ့တာဖြစ်ပြီး ပိုင်ရှင် ဂျွန်ဟင်နရီဟာ ကလပ်ကို ရောင်းချလိုစိတ်မရှိခဲ့တဲ့အတွက် ဟင်နရီ ဟာ ရှိတ်ခါလတ် စေလွှတ်လိုက်တဲ့ သူတွေနဲ့ လုံးဝမတွေ့ခဲ့ဘူးလို့လည်း သတင်းမှာဖော်ပြသွားပါတယ်။

ရှိတ်မန်ဆောဟာ မန်စီးတီးကို ၂၀၀၈ ကပေါင်သန်း ၂၁၀ နဲ့ ၀ယ်ယူခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက လီဗာပူးအသင်းက ကြေညာချက် ထုတ်ပြန်ရာမှာ ကလပ်ကို လုံးဝရောင်းချမှာ မဟုတ်ကြောင်း၊ ဒါပေမယ့် အသင်းတိုးတက်ဖို့အတွက် ရင်းနှီးမြှပ်နှံမှုတွေ ပြုလုပ်ပေးမယ့်ရှယ်ယာရှင်တွေ ရှိလာရင်တော့လက်ခံသွားမှာဖြစ်ကြောင်းဖော်ပြသွားပါတယ်။

90Minutes