2023 Globe Soccer Awards ဆုေပးပြဲတြင္ ေပးအပ္ခ်ီးျမႇင့္မည့္ Best Men’s Player ဆု ဆန္ခါတင္စာရင္းတြင္ မန္စီးတီးအသင္း ကစားသမား အမ်ားစုပါဝင္လာ

နိုဝင္ဘာ ၂၃

2023 Globe Soccer Awards ဆုေပးပြဲတြင္ ေပးအပ္ခ်ီးျမႇင့္မည့္ Best Men’s Player ဆုအတြက္ ဆန္ခါတင္ ကစားသမားစာရင္းကို ထုတ္ျပန္ေၾကညာခဲ့ရာ မန္စီးတီးအသင္း ကစားသမားအမ်ားစု ပါဝင္လာေၾကာင္း သိရသည္။

2023 Globe Soccer Awards ဆုေပးပြဲအခမ္းအနားကို ၂၀၁၀ ျပည့္ႏွစ္က စတင္ က်င္းပခဲ့ေသာ္လည္း Best Men’s Player ဆုကို ၂၀၁၁ ခုႏွစ္မွသာ ထည့္သြင္းေပးအပ္ ခ်ီးျမႇင့္ခဲ့ျခင္းျဖစ္ၿပီး ပထမအႀကိမ္ ေပးအပ္သည့္ဆုကို စီေရာ္နယ္ဒိုက ဆြတ္ခူးနိုင္ခဲ့သည္။

အဆိုပါဆုေပးပြဲ စတင္က်င္းပသည့္ ႏွစ္က ဆုႏွစ္ခုသာ ေပးအပ္ခဲ့ေသာ္လည္း ေနာက္ပိုင္းႏွစ္မ်ားတြင္ ဆုအေရအတြက္ တိုးျမႇင့္ခဲ့ၿပီး ေနာက္ဆုံးက်င္းပသည့္ ၂၀၂၂ ခုႏွစ္တြင္ Best Men’s Player ဆုအပါအဝင္ ဆုအမ်ိဳးအစား ၁၇ ခုအထိ ေပးအပ္ခ်ီးျမႇင့္ခဲ့သည္။

Best Men’s Player ဆုအတြက္ ဆန္ခါတင္ကစား သမားစာရင္းတြင္ မန္စီးတီးအသင္းမွ အယ္ဗာရက္ဇ္၊ ဒီဘရိုင္း၊ ဒီယက္ဇ္၊ အီဒါဆန္၊ ဖိုဒန္၊ ဂရီးလစ္ခ်္၊ ဘာနာဒိုေဆးလ္ဗား၊ ရိုဒရီ၊ ဟာလန္း၊ အင္တာမီလန္ အသင္းမွ ဘာရယ္လာ၊ မာတီနက္ဇ္၊ ရီးယဲလ္မက္ဒရစ္ အသင္းမွ ဘယ္လင္ဟမ္၊ မိုဒရစ္၊ ဗင္နီစီးယက္စ္၊ အယ္အီတီဟက္ အသင္းမွ ဘင္ဇီမာ၊ ဆီဗီလာအသင္း မွ ဘိုႏူ၊ အက္သလက္တီကို အသင္းမွ ဂရစ္မန္း၊ ဘာစီလိုနာအသင္းမွ ဂန္ဒိုဂမ္၊ လီဝန္ေဒါစကီး၊ ဘိုင္ယန္ျမဴး နစ္အသင္းမွ ဟယ္ရီကိန္း၊ ကင္မစ္ေဂ်း၊ နာပိုလီ အသင္းမွ ခါဗီခ်ာ၊ အိုဆီမန္၊ ပီအက္စ္ဂ်ီအသင္းမွ အမ္ဘတ္ပီ၊ အင္တာမိုင္ယာမီ အသင္းမွ မက္ဆီ၊ အာဆင္နယ္အသင္းမွ အိုဒီဂက္စ္၊ ဆာကာ၊ မန္ယူအသင္းမွ အိုနာနာ၊ အယ္နာဆာအသင္းမွ စီေရာ္နယ္ဒိုႏွင့္ လီဗာပူးအသင္းမွ ဆာလက္ခ်္တို႔ ပါဝင္လာသည္။

2023 Globe Soccer Awards ဆုေပးပြဲ အခမ္းအနားကို ယူေအအီးနိုင္ငံ ဒူဘိုင္းၿမိဳ႕၌ ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလ ၁၉ ရက္တြင္ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

=================

2023 Globe Soccer Awards ဆုပေးပွဲတွင် ပေးအပ်ချီးမြှင့်မည့် Best Men’s Player ဆု ဆန်ခါတင်စာရင်းတွင် မန်စီးတီးအသင်း ကစားသမား အများစုပါဝင်လာ

နိုဝင်ဘာ ၂၃

2023 Globe Soccer Awards ဆုပေးပွဲတွင် ပေးအပ်ချီးမြှင့်မည့် Best Men’s Player ဆုအတွက် ဆန်ခါတင် ကစားသမားစာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ မန်စီးတီးအသင်း ကစားသမားအများစု ပါဝင်လာကြောင်း သိရသည်။

2023 Globe Soccer Awards ဆုပေးပွဲအခမ်းအနားကို ၂၀၁၀ ပြည့်နှစ်က စတင် ကျင်းပခဲ့သော်လည်း Best Men’s Player ဆုကို ၂၀၁၁ ခုနှစ်မှသာ ထည့်သွင်းပေးအပ် ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ် ပေးအပ်သည့်ဆုကို စီရော်နယ်ဒိုက ဆွတ်ခူးနိုင်ခဲ့သည်။

အဆိုပါဆုပေးပွဲ စတင်ကျင်းပသည့် နှစ်က ဆုနှစ်ခုသာ ပေးအပ်ခဲ့သော်လည်း နောက်ပိုင်းနှစ်များတွင် ဆုအရေအတွက် တိုးမြှင့်ခဲ့ပြီး နောက်ဆုံးကျင်းပသည့် ၂၀၂၂ ခုနှစ်တွင် Best Men’s Player ဆုအပါအဝင် ဆုအမျိုးအစား ၁၇ ခုအထိ ပေးအပ်ချီးမြှင့်ခဲ့သည်။

Best Men’s Player ဆုအတွက် ဆန်ခါတင်ကစား သမားစာရင်းတွင် မန်စီးတီးအသင်းမှ အယ်ဗာရက်ဇ်၊ ဒီဘရိုင်း၊ ဒီယက်ဇ်၊ အီဒါဆန်၊ ဖိုဒန်၊ ဂရီးလစ်ချ်၊ ဘာနာဒိုဆေးလ်ဗား၊ ရိုဒရီ၊ ဟာလန်း၊ အင်တာမီလန် အသင်းမှ ဘာရယ်လာ၊ မာတီနက်ဇ်၊ ရီးယဲလ်မက်ဒရစ် အသင်းမှ ဘယ်လင်ဟမ်၊ မိုဒရစ်၊ ဗင်နီစီးယက်စ်၊ အယ်အီတီဟက် အသင်းမှ ဘင်ဇီမာ၊ ဆီဗီလာအသင်း မှ ဘိုနူ၊ အက်သလက်တီကို အသင်းမှ ဂရစ်မန်း၊ ဘာစီလိုနာအသင်းမှ ဂန်ဒိုဂမ်၊ လီဝန်ဒေါစကီး၊ ဘိုင်ယန်မြူး နစ်အသင်းမှ ဟယ်ရီကိန်း၊ ကင်မစ်ဂျေး၊ နာပိုလီ အသင်းမှ ခါဗီချာ၊ အိုဆီမန်၊ ပီအက်စ်ဂျီအသင်းမှ အမ်ဘတ်ပီ၊ အင်တာမိုင်ယာမီ အသင်းမှ မက်ဆီ၊ အာဆင်နယ်အသင်းမှ အိုဒီဂက်စ်၊ ဆာကာ၊ မန်ယူအသင်းမှ အိုနာနာ၊ အယ်နာဆာအသင်းမှ စီရော်နယ်ဒိုနှင့် လီဗာပူးအသင်းမှ ဆာလက်ချ်တို့ ပါဝင်လာသည်။

2023 Globe Soccer Awards ဆုပေးပွဲ အခမ်းအနားကို ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။