YONEX Swiss Open 2024 တြင္ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ သက္ထားသူဇာ

မတ္ ၁၈

ဆြစ္ဇာလန္နိုင္ငံက အိမ္ရွင္အျဖစ္ လက္ခံက်င္းပမည့္ YONEX Swiss Open 2024 ၾကက္ေတာင္ၿပိဳင္ပြဲကို ျမန္မာၾကက္ေတာင္မယ္ သက္ထားသူဇာ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

YONEX Swiss Open 2024 ၾကက္ေတာင္ၿပိဳင္ပြဲကို ဆြစ္ဇာလန္နိုင္ငံ ေဘလ္ဆယ္ၿမိဳ႕၌ လာမယ့္ မတ္လ ၁၉ ရက္ မွ ၂၄ ရက္ထိ က်င္းပသြားမည္ျဖစ္ပါတယ္။

သက္ထားသူဇာသည္ YONEX Swiss Open 2024 ၾကက္ေတာင္ၿပိဳင္ပြဲတြင္ ပထမ အဆင့္မွ စတင္ကစားရမည္ျဖစ္ၿပီး ကမၻာ့ အဆင့္(၁၃) ေနရာတြင္ ရပ္တည္ေနသည့္ အသက္ ၂၆ ႏွစ္ရွိ ေတာင္ကိုရီးယား ၾကက္ေတာင္မယ္ ကင္ဂါအြန္းႏွင့္ စတင္ကစား သြားရမည္ျဖစ္ပါတယ္။

၂၀၂၄ အိုလံပစ္ၿပိဳင္ပြဲဝင္ခြင့္ ရရွိရန္ အတြက္ နိုင္ငံတကာၿပိဳင္ပြဲမ်ားကို ဆက္လက္ ပါဝင္ကစားလ်က္ ရွိေနသည့္ သက္ထားသူဇာ သည္ ယခုႏွစ္အတြင္း နိုင္ငံတကာၿပိဳင္ပြဲမ်ား ဆက္တိုက္ပါဝင္ ကစားခဲ့ၿပီးေနာက္ ကမၻာ့ အဆင့္ သတ္မွတ္ခ်က္မ်ားလည္း ဆက္တိုက္ ျမင့္တက္လ်က္ရွိေနၿပီး အိုလံပစ္ဝင္ခြင့္ အဆင့္သတ္မွတ္ခ်က္တြင္လည္း (၂၂)ေနရာ တြင္ ရပ္တည္ေနပါတယ္။

၂၀၂၄ အိုလံပစ္ၿပိဳင္ပြဲဝင္ခြင့္အတြက္ အိုလံပစ္အဆင့္ သတ္မွတ္ခ်က္ကို ၿပီးခဲ့သည့္ ႏွစ္ဧၿပီလမွစတင္ၿပီး ယခုႏွစ္ ဧၿပီလအတြင္း အိုလံပစ္ အဆင့္(၁)မွ (၃၆)အတြင္း ဝင္ေရာက္ သည့္ ကစားသမားမ်ားအေနျဖင့္ ဝင္ေရာက္ ကစားခြင့္ ရရွိမည္ျဖစ္သည့္အတြက္ လက္ရွိ တြင္ သက္ထားသူဇာသည္ အိုလံပစ္အဆင့္ သတ္မွတ္ခ်က္ (၂၂)ေနရာတြင္ ရပ္တည္ေနသည့္အတြက္ ဝင္ခြင့္ရရွိရန္အတြက္ ရာႏႈန္းျပည့္နီးပါး ေသခ်ာေနျခင္း ျဖစ္ပါတယ္။

အသက္ ၂၅ ႏွစ္ရွိ သက္ထားသူဇာသည္ ကမၻာ့ၾကက္ေတာင္ အဖြဲ႕ခ်ဳပ္၏ အဆင့္သတ္မွတ္ခ်က္တြင္ ကမၻာ့အဆင့္(၄၂)ေနရာတြင္ ရပ္တည္ေနၿပီး World Tour Ranking တြင္ အဆင့္(၂၆)ေနရာတြင္ ရပ္တည္လ်က္ ရွိေနပါတယ္။

သက္ထားသူဇာသည္ ေနာက္ဆုံးကစားခဲ့သည့္ၿပိဳင္ပြဲအျဖစ္ ျပင္သစ္နိုင္ငံက အိမ္ရွင္ အျဖစ္လက္ခံ က်င္းပခဲ့သည့္ ျပင္သစ္အိုးပင္း ၾကက္ေတာင္ၿပိဳင္ပြဲတြင္ ၃၂ ဦးရႈံး/ထြက္ အဆင့္တြင္ တ႐ုတ္ၾကက္ေတာင္မယ္ ဟန္ယူကို ရႈံးနိမ့္ၿပီး ထြက္ခြာခဲ့ရေၾကာင္း သိရပါတယ္။

=========

YONEX Swiss Open 2024 တွင်ဝင်ရောက်ယှဉ်ပြိုင်မယ့် သက်ထားသူဇာ

မတ် ၁၈

ဆွစ်ဇာလန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် YONEX Swiss Open 2024 ကြက်တောင်ပြိုင်ပွဲကို မြန်မာကြက်တောင်မယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

YONEX Swiss Open 2024 ကြက်တောင်ပြိုင်ပွဲကို ဆွစ်ဇာလန်နိုင်ငံ ဘေလ်ဆယ်မြို့၌ လာမယ့် မတ်လ ၁၉ ရက် မှ ၂၄ ရက်ထိ ကျင်းပသွားမည်ဖြစ်ပါတယ်။

သက်ထားသူဇာသည် YONEX Swiss Open 2024 ကြက်တောင်ပြိုင်ပွဲတွင် ပထမ အဆင့်မှ စတင်ကစားရမည်ဖြစ်ပြီး ကမ္ဘာ့ အဆင့်(၁၃) နေရာတွင် ရပ်တည်နေသည့် အသက် ၂၆ နှစ်ရှိ တောင်ကိုရီးယား ကြက်တောင်မယ် ကင်ဂါအွန်းနှင့် စတင်ကစား သွားရမည်ဖြစ်ပါတယ်။

၂၀၂၄ အိုလံပစ်ပြိုင်ပွဲဝင်ခွင့် ရရှိရန် အတွက် နိုင်ငံတကာပြိုင်ပွဲများကို ဆက်လက် ပါဝင်ကစားလျက် ရှိနေသည့် သက်ထားသူဇာ သည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများ ဆက်တိုက်ပါဝင် ကစားခဲ့ပြီးနောက် ကမ္ဘာ့ အဆင့် သတ်မှတ်ချက်များလည်း ဆက်တိုက် မြင့်တက်လျက်ရှိနေပြီး အိုလံပစ်ဝင်ခွင့် အဆင့်သတ်မှတ်ချက်တွင်လည်း (၂၂)နေရာ တွင် ရပ်တည်နေပါတယ်။

၂၀၂၄ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်အတွက် အိုလံပစ်အဆင့် သတ်မှတ်ချက်ကို ပြီးခဲ့သည့် နှစ်ဧပြီလမှစတင်ပြီး ယခုနှစ် ဧပြီလအတွင်း အိုလံပစ် အဆင့်(၁)မှ (၃၆)အတွင်း ဝင်ရောက် သည့် ကစားသမားများအနေဖြင့် ဝင်ရောက် ကစားခွင့် ရရှိမည်ဖြစ်သည့်အတွက် လက်ရှိ တွင် သက်ထားသူဇာသည် အိုလံပစ်အဆင့် သတ်မှတ်ချက် (၂၂)နေရာတွင် ရပ်တည်နေသည့်အတွက် ဝင်ခွင့်ရရှိရန်အတွက် ရာနှုန်းပြည့်နီးပါး သေချာနေခြင်း ဖြစ်ပါတယ်။

အသက် ၂၅ နှစ်ရှိ သက်ထားသူဇာသည် ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်၏ အဆင့်သတ်မှတ်ချက်တွင် ကမ္ဘာ့အဆင့်(၄၂)နေရာတွင် ရပ်တည်နေပြီး World Tour Ranking တွင် အဆင့်(၂၆)နေရာတွင် ရပ်တည်လျက် ရှိနေပါတယ်။

သက်ထားသူဇာသည် နောက်ဆုံးကစားခဲ့သည့်ပြိုင်ပွဲအဖြစ် ပြင်သစ်နိုင်ငံက အိမ်ရှင် အဖြစ်လက်ခံ ကျင်းပခဲ့သည့် ပြင်သစ်အိုးပင်း ကြက်တောင်ပြိုင်ပွဲတွင် ၃၂ ဦးရှုံး/ထွက် အဆင့်တွင် တရုတ်ကြက်တောင်မယ် ဟန်ယူကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရကြောင်း သိရပါတယ်။