ဥရောပ၏ တန်ဖိုးအကြီးဆုံးကစားသမားစာရင်းတွင် ပြင်သစ်လူငယ်တိုက်စစ်မှူး မက်ဘီ ဦးဆောင်

ဥရောပရှိ တန်ဖိုးအကြီးဆုံးကစားသမားစာရင်းကို ပြင်သစ် နှင့် ပီအက်စ်ဂျီလူငယ်တိုက်စစ်မှူးမက်ဘီက ဦးဆောင်ခဲ့သည်။ ယင်းဇယားတွင် မက်ဘီ၏ နောက်၌ မန်စီးတီးမှစတာလင်၊ ဒေါ့မွန်မှဆန်ချို၊ လီဗာပူးမှ အာနိုးလ်နှင့် မန်ယူမှရက်ခ်ျဖို့ဒ်စသော အင်္ဂလန်ကစားသမားများက အစဉ်လိုက်ရပ်တည်နေသည်။

မက်ဘီ၏ တန်ဖိုးက ပေါင် ၂၃၀ ဒသမ ၅ သန်း၊ စတာလင်က ပေါင် ၁၇၃ သန်း၊ ဆန်ချိုက ပေါင် ၁၅၉ သန်း၊ အာနိုးလ်က  ပေါင် ၁၅၂ သန်းနှင့် ရက်ခ်ျဖို့ဒ်က ပေါင် ၁၃၆ သန်းရှိသည်။

ယခုစာရင်းကို ဆွစ်ဇာလန် အခြေစိုက် CIES ဘောလုံးသုတေသီအဖွဲ့ကပြုစုပြီး ဥရောပထိပ်တန်းလိဂ် ငါးခုရှိကစားသမားများကို အာရုံစိုက်ကာ အသက်အရွယ်၊ စွမ်းဆောင်ရည်နှင့် စီးပွားရေးအချက်အလက်များ အပါအဝင်  ကိန်းရှင်များကို ထည့်သွင်းတွက်ချက်ထားခြင်းဖြစ်သည်။

လီဗာပူးတိုက်စစ်မှူးနှစ်ဦး ဖြစ်သော ဆာလက်နှင့် မာနေးက အဆင့် (၆) နှင့် (၇) တွင် ရပ်တည်နေစဉ် ဂရက်ဇ်မန်းက အဆင့် (၈)၊ အယ်လ်ဖွန်ဆိုက အဆင့် (၉) နှင့် ဟယ်ရီကိန်းက အဆင့် (၁၀) တွင် ရပ်တည်နေသည်။ 

ဘာစီလိုနာကြယ်ပွင့် မက်ဆီ က အဆင့် (၂၂)ချိတ်စဉ် ဂျူဗင်တပ်တိုက်စစ်မှူးရော်နယ်ဒိုက  အဆင့် (၇၀) ၌ ဖော်ပြခံရသည်။

လီဗာပူးသည် ပေါင် ၁ဒသမ၂၇ ဘီလီယံနှင့်အတူ ဥရောပတွင် တန်ဖိုးအကြီးဆုံး ကစားသမား အစုအဖွဲ့ကို ပိုင်ဆိုင်ထားကြောင်းနှင့် မန်စီးတီးက ပေါင် ၁ ဒသမ၂၄ဘီလီယံနှင့်အတူ ဒုတိယနေရာ၌ရှိကြောင်း CIES က ဖေဖော်ဝါရီ က ပြောကြားသည်။  -Ref:BBC