တင်းနစ်ပြိုင်ပွဲတွေမှာ ဖက်ဒါရာ နဲ့ ၀ါဇနီယားစကီး ဗိုလ်စွဲ

တနင်္ဂနွေနေ့မှာ ကျင်းပခဲ့တဲ့ တင်းနစ်ပြိုင်ပွဲတွေမှာတော့ နာမည်ကြီး ရော်ဂျာ်ဖက်ဒါရာနဲ့ ဒိန်းမတ်သူ ၀ါဇနီယား စကီးတို့ ဗိုလ်စွဲခဲ့ကြပါတယ်။

ဖက်ဒါရာဟာ ဘာဆယ်မှာ ကျင်းပတဲ့ ဆွစ် တင်းနစ်ပြိုင်ပွဲမှာ အာဂျင်တီးနားက ဒယ်ပေါ်ထရိုကို ၂-၁ပွဲနဲ့ နိုင်ခဲ့တာပါ။ ပထမပွဲမှာ ဒယ်ပေါ်ထရို ၇-၆နဲ့ ရှုံးပြီးမှ ၆-၄၊ ၆-၃နဲ့ နှစ်ပွဲဆက်ပြန်နိုင်ခဲ့လို့ ၂-၁ပွဲနဲ့နိုင်ပြီး ချန်ပီယံ ဖြစ်ခဲ့တာပါ။ ဒါဟာ ဖက်ဒါရာအတွက် ဒီပြိုင်ပွဲမှာ ၈ကြိမ်မြောက် အနိုင်ရခဲ့တာဖြစ်ပြီး ဒီနှစ် အတွင်း ဂရင်းစလင်း ၂ခု အပါအ၀င် ပြိုင်ပွဲ ၇ရပ်မှာ ဗိုလ်စွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ WTA အမျိုးသမီး ရာသီပိတ် တင်းနစ်ပြိုင်ပွဲမှာ တော့ ဒိန်းမတ်သူ ၀ါဇနီယားစကီးက နာမည်ကြီး ဗီးနပ်စ်ဝီလျံကို ၆-၄၊ ၆-၄ နှစ်ပွဲပြတ်နိုင်လို့ ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။

(ဘီဘီစီ)