ဘာစီလိုနာအသင္းနဲ႔ အာဆင္နယ္အသင္း ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အဆင့္သို႔တက္ေရာက္

မတ္ ၁၃

ယေန႔နံနက္အေစာပိုင္းက ယွဥ္ၿပိဳင္ကစားသြားတဲ့ ဥေရာပခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာ ဘာစီလိုနာနဲ႔ အာဆင္နယ္အသင္းေတြက ၿပိဳင္ဘက္ေတြကို အသီးသီးအနိုင္ရၿပီး ကြာတားဖိုင္နယ္ အဆင့္ တက္လွမ္းသြားပါတယ္။

ဘာစီလိုနာအသင္းဟာ အီတလီကလပ္နာပိုလီနဲ႔ ပထမအေက်ာ့ အေဝးကြင္းပြဲစဥ္မွာ ၁ ဂိုး စီသေရက်ခဲ့ၿပီး ဒုတိယအေက်ာ့အိမ္ကြင္းပြဲစဥ္မွာ ၃ ဂိုး ၁ ဂိုးနဲ႔ နိုင္ပြဲရယူၿပီး ကြာတားဖိုင္နယ္ကို တက္လွမ္းနိုင္ခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာလည္း ပထမအေက်ာ့မွာ ေပၚတူဂီကလပ္ ေပၚတိုကို ၁ ဂိုး ဂိုးမရွိနဲ႔ ရႈံးနိမ့္ခဲ့ေပမဲ့ ဒုတိယအေက်ာ့မွာ ၁ ဂိုး ဂိုးမရွိရလဒ္နဲ႔ပဲ နိုင္ပြဲျပန္ရခဲ့တာပါ။

ႏွစ္ေက်ာ့ေပါင္းရလဒ္တူညီေနလို႔ အခ်ိန္ပိုအထိေရာက္ခဲ့ၿပီး အခ်ိန္ပိုမွာလည္း ဂိုးမရခဲ့ၾကတာေၾကာင့္ ပင္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရာမွာ အာဆင္နယ္အသင္းက ၄ ဂိုး ၂ ဂိုးနဲ႔ အနိုင္ရခဲ့တာပါ။

အာဆင္နယ္အသင္းဟာ ၂၀၁၀ ျပည့္ႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ကြာတားဖိုင္နယ္ တက္ေရာက္နိုင္ခဲ့တာ ျဖစ္ပါတယ္။ အာဆင္နယ္ အသင္းဟာ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲမွာ ၇ ႏွစ္ဆက္တိုက္ ၁၆ သင္း ရႈံးထြက္အဆင့္ ကေန ထြက္ခြာ ခဲ့ရမႈကို အဆုံးသတ္နိုင္ခဲ့တာျဖစ္ပါတယ္။

=======

ဘာစီလိုနာအသင်းနဲ့ အာဆင်နယ်အသင်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်သို့တက်ရောက်

မတ် ၁၃

ယနေ့နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားသွားတဲ့ ဥရောပချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ဘာစီလိုနာနဲ့ အာဆင်နယ်အသင်းတွေက ပြိုင်ဘက်တွေကို အသီးသီးအနိုင်ရပြီး ကွာတားဖိုင်နယ် အဆင့် တက်လှမ်းသွားပါတယ်။

ဘာစီလိုနာအသင်းဟာ အီတလီကလပ်နာပိုလီနဲ့ ပထမအကျော့ အဝေးကွင်းပွဲစဉ်မှာ ၁ ဂိုး စီသရေကျခဲ့ပြီး ဒုတိယအကျော့အိမ်ကွင်းပွဲစဉ်မှာ ၃ ဂိုး ၁ ဂိုးနဲ့ နိုင်ပွဲရယူပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာလည်း ပထမအကျော့မှာ ပေါ်တူဂီကလပ် ပေါ်တိုကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ဒုတိယအကျော့မှာ ၁ ဂိုး ဂိုးမရှိရလဒ်နဲ့ပဲ နိုင်ပွဲပြန်ရခဲ့တာပါ။

နှစ်ကျော့ပေါင်းရလဒ်တူညီနေလို့ အချိန်ပိုအထိရောက်ခဲ့ပြီး အချိန်ပိုမှာလည်း ဂိုးမရခဲ့ကြတာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာမှာ အာဆင်နယ်အသင်းက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ၇ နှစ်ဆက်တိုက် ၁၆ သင်း ရှုံးထွက်အဆင့် ကနေ ထွက်ခွာ ခဲ့ရမှုကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။