မြတ္ဆလင္ေတြပို ဖယ္ထုတ္တဲ့ ေရႊ႕ေျပာင္း အေျခခ်မႈ ဥပေဒကို ျပဌာန္းခဲ့သည့္အတြက္ ဝန္ႀကီးခ်ဳပ္မိုဒီ ဆႏၵျပမႈမ်ားႏွင့္ ရင္ဆိုင္ေနရ

မတ္ ၁၂

ပါလီမန္တြင္ ေလးႏွစ္ၾကာ ျပင္ဆင္ခဲ့သည့္ နိုင္ငံသားျဖစ္ခြင့္ဆိုင္ရာ ဥပေဒကို အေကာင္အထည္ေဖာ္ရန္ ႀကိဳးပမ္းေနသည့္ ဝန္ႀကီးခ်ဳပ္ နရင္ဒရာ မိုဒီဦးေဆာင္သည့္ အစိုးရကို ဆန႔္က်င္ ဆႏၵျပမႈမ်ား ဆက္တိုက္ ထြက္ေပၚျဖစ္ေပၚလာသည္။

အဆိုပါဥပေဒသည္ မြတ္ဆလင္မ်ားကို ခြဲျခားဆက္ဆံသည္ဟု ေဝဖန္ကာ ေရြးေကာက္ပြဲမတိုင္မွီကာလမ်ားတြင္ ယခုကဲ့သို႔ ဆႏၵျပျခင္း ခံေနရျခင္းျဖစ္သည္။

ေဝဖန္သူမ်ားက ၂၀၁၉ ခုႏွစ္တြင္ မြတ္ဆလင္ဆန႔္က်င္ေရးဟု တံဆိပ္ကပ္ထားသည့္ အဆိုပါဥပေဒသည္ နိုင္ငံတဝန္း ဆႏၵျပမႈျဖစ္ေပၚေစခဲ့ၿပီး လူေသဆုံးသည္အထိ ျဖစ္ေပၚေစခဲ့သည့္အျပင္ အိႏၵိယနိုင္ငံသားကဒ္ကိုင္ေဆာင္ထားသည့္ မြတ္ဆလင္ သန္း ၂၀၀ ကို ခြဲျခားဆက္ဆံခံရမည္ကို စိုးရိမ္ေနၾကေၾကာင္းသိရသည္။

========

မွတ်ဆလင်တွေပို ဖယ်ထုတ်တဲ့ ရွှေ့ပြောင်း အခြေချမှု ဥပဒေကို ပြဌာန်းခဲ့သည့်အတွက် ဝန်ကြီးချုပ်မိုဒီ ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရ

မတ် ၁၂

ပါလီမန်တွင် လေးနှစ်ကြာ ပြင်ဆင်ခဲ့သည့် နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဥပဒေကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည့် ဝန်ကြီးချုပ် နရင်ဒရာ မိုဒီဦးဆောင်သည့် အစိုးရကို ဆန့်ကျင် ဆန္ဒပြမှုများ ဆက်တိုက် ထွက်ပေါ်ဖြစ်ပေါ်လာသည်။

အဆိုပါဥပဒေသည် မွတ်ဆလင်များကို ခွဲခြားဆက်ဆံသည်ဟု ဝေဖန်ကာ ရွေးကောက်ပွဲမတိုင်မှီကာလများတွင် ယခုကဲ့သို့ ဆန္ဒပြခြင်း ခံနေရခြင်းဖြစ်သည်။

ဝေဖန်သူများက ၂၀၁၉ ခုနှစ်တွင် မွတ်ဆလင်ဆန့်ကျင်ရေးဟု တံဆိပ်ကပ်ထားသည့် အဆိုပါဥပဒေသည် နိုင်ငံတဝန်း ဆန္ဒပြမှုဖြစ်ပေါ်စေခဲ့ပြီး လူသေဆုံးသည်အထိ ဖြစ်ပေါ်စေခဲ့သည့်အပြင် အိန္ဒိယနိုင်ငံသားကဒ်ကိုင်ဆောင်ထားသည့် မွတ်ဆလင် သန်း ၂၀၀ ကို ခွဲခြားဆက်ဆံခံရမည်ကို စိုးရိမ်နေကြကြောင်းသိရသည်။