နည္းျပဘင္နီတက္ဇ္ကို ဆယ္တာဗီဂိုအသင္း ထုတ္ပယ္

မတ္ ၁၃

စပိန္လာလီဂါ ကလပ္အသင္းတစ္သင္းျဖစ္တဲ့ ဆဲလ္တာဗီဂိုအသင္းဟာ သူတို႔အသင္းရဲ့နည္းျပႀကီး ဘင္နီတက္ဇ္ကို ရာထူးက ထုတ္ပယ္လိုက္ေၾကာင္းကို တရားဝင္‌ေၾကညာသြားခဲ့ပါတယ္။

ဆဲလ္တာဗီဂိုမွာ ၉ လၾကာ နည္းျပဘဝျဖတ္သန္းခဲ့တဲ့ ဘင္နီတက္ဇ္ဟာ အသင္းရလဒ္ပိုင္းကို ေကာင္းမြန္ေအာင္ မစြမ္းေဆာင္ေပးနိုင္ခဲ့တာေၾကာင့္ အခုလိုအေျခအေနအထိ ျဖစ္လာခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာ ဆဲလ္တာဗီဂိုဟာ လာလီဂါအမွတ္ေပးဇယားရဲ့ အဆင့္ ၁၇ မွာ ရမွတ္ ၂၄ မွတ္နဲ႔ ရပ္တည္ေနတာျဖစ္ၿပီး တန္းဆင္ဇုန္က အသင္းေတြနဲ႔ ရမွတ္သိပ္မကြာတာေၾကာင့္ အေျခအေနဒီထက္ဆိုးခဲ့မယ္ဆိုရင္ တန္းဆင္းသြားရနိုင္တဲ့ အေနအထားမွာရွိေနခဲ့ပါတယ္။

ဘင္နီတက္ဇ္ဟာ လီဗာပူး၊ အင္တာ၊ ခ်ဲလ္ဆီး၊ နာပိုလီ၊ ရီးရဲလ္မက္ဒရစ္၊ နယူးကာဆယ္အသင္းေတြကိုလည္း တာဝန္ယူ ကိုင္တြယ္ခဲ့ပါတယ္။

==========

နည်းပြဘင်နီတက်ဇ်ကို ဆယ်တာဗီဂိုအသင်း ထုတ်ပယ်

မတ် ၁၃

စပိန်လာလီဂါ ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဆဲလ်တာဗီဂိုအသင်းဟာ သူတို့အသင်းရဲ့နည်းပြကြီး ဘင်နီတက်ဇ်ကို ရာထူးက ထုတ်ပယ်လိုက်ကြောင်းကို တရားဝင်‌ကြေညာသွားခဲ့ပါတယ်။

ဆဲလ်တာဗီဂိုမှာ ၉ လကြာ နည်းပြဘဝဖြတ်သန်းခဲ့တဲ့ ဘင်နီတက်ဇ်ဟာ အသင်းရလဒ်ပိုင်းကို ကောင်းမွန်အောင် မစွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် အခုလိုအခြေအနေအထိ ဖြစ်လာခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ဆဲလ်တာဗီဂိုဟာ လာလီဂါအမှတ်ပေးဇယားရဲ့ အဆင့် ၁၇ မှာ ရမှတ် ၂၄ မှတ်နဲ့ ရပ်တည်နေတာဖြစ်ပြီး တန်းဆင်ဇုန်က အသင်းတွေနဲ့ ရမှတ်သိပ်မကွာတာကြောင့် အခြေအနေဒီထက်ဆိုးခဲ့မယ်ဆိုရင် တန်းဆင်းသွားရနိုင်တဲ့ အနေအထားမှာရှိနေခဲ့ပါတယ်။

ဘင်နီတက်ဇ်ဟာ လီဗာပူး၊ အင်တာ၊ ချဲလ်ဆီး၊ နာပိုလီ၊ ရီးရဲလ်မက်ဒရစ်၊ နယူးကာဆယ်အသင်းတွေကိုလည်း တာဝန်ယူ ကိုင်တွယ်ခဲ့ပါတယ်။