
နိုဝင်ဘာ ၇



====================

ပဲရစ်မာစတာချန်ပီယံဆုကို ဂျိုကိုဗစ် ထပ်မံရရှိ

နိုဝင်ဘာ ၇

ယမန်နေ့က ပဲရစ်မာစတာချန်ပီယံဆုဖလား ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆားဘီးယား တင်းနစ်သမား ဂျိုကိုဗစ်က ဘူဂေးရီးယားတင်းနစ်သမား ဒီမီထရော့ဗ်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ၅၁ မိနစ် အတွင်းမှာပဲ ၆:၄၊ ၆:၃ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။

ကမ္ဘာ့အဆင့်-၁ နေရာမှာ ရပ်တည်နေတဲ့ ဂျိုကိုဗစ်ဟာ ပဲရစ်မာစတာပြိုင်ပွဲ ချန်ပီယံဆုကို စံချိန်တင်အဖြစ်နဲ့ ၇ ကြိမ်မြောက် ရယူနိုင်ခဲ့သလို ကစားသမားဘဝ အကြိမ် ၄၀ မြောက် အေတီပီမာစတာပြိုင်ပွဲ ချန်ပီယံဆုလည်းဖြစ်ပါတယ်။