WTA ခ်န္ပီယံဆု ဆြီယာတက္ခ္ရရွိ

နိုဝင္ဘာ ၈

WTA အမ်ိဳးသမီးတင္းနစ္ၿပိဳင္ပြဲ ဗိုလ္လုပြဲမွာ ပိုလန္နိုင္ငံသူ အီဂါ ဆြီယာတက္ခ္က အေမရိကန္နိုင္ငံသူ ဂ်က္ဆီကာ ပက္ဂူလာကို ၆-၁၊ ၆-၀ ရလဒ္နဲ႔ ၂ ပြဲဆက္ အနိုင္ယူကာ ခ်န္ပီယံ ျဖစ္လာခဲ့ပါတယ္။

မကၠဆီကိုနိုင္ငံ ကန္ကြန္ၿမိဳ႕မွာ က်င္းပခဲ့တဲ့ ဒီၿပိဳင္ပြဲအတြင္း ဆြီယာတက္ခ္က ေအာင္ျမင္မႈ ရရွိခဲ့တာေၾကာင့္ ကမၻာ့အဆင့္ ၁ ေနရာကို အရီနာ ဆာဘယ္လန္ကာဆီက ျပန္လည္ရယူနိုင္ခဲ့ပါတယ္။

၎ခ်န္ပီယံဆုဟာ အသက္၂၂ႏွစ္အရြယ္ရွိ ဆြီယာတက္ခ္ အတြက္ ကစားသမား ဘဝ ပထမဆုံး WTA ဖိုင္နယ္ခ်န္ပီယံဆုျဖစ္ခဲ့ၿပီး ကစားသမားဘဝ ၁၇ ခုေျမာက္ ခ်န္ပီယံဆုလည္း ျဖစ္လာခဲ့ပါတယ္။

====================

WTA ချန်ပီယံဆု ဆွီယာတက်ခ်ရရှိ

နိုဝင်ဘာ ၈

WTA အမျိုးသမီးတင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ပိုလန်နိုင်ငံသူ အီဂါ ဆွီယာတက်ခ်က အမေရိကန်နိုင်ငံသူ ဂျက်ဆီကာ ပက်ဂူလာကို ၆-၁၊ ၆-၀ ရလဒ်နဲ့ ၂ ပွဲဆက် အနိုင်ယူကာ ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

မက္ကဆီကိုနိုင်ငံ ကန်ကွန်မြို့မှာ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲအတွင်း ဆွီယာတက်ခ်က အောင်မြင်မှု ရရှိခဲ့တာကြောင့် ကမ္ဘာ့အဆင့် ၁ နေရာကို အရီနာ ဆာဘယ်လန်ကာဆီက ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

၎င်းချန်ပီယံဆုဟာ အသက်၂၂နှစ်အရွယ်ရှိ ဆွီယာတက်ခ် အတွက် ကစားသမား ဘဝ ပထမဆုံး WTA ဖိုင်နယ်ချန်ပီယံဆုဖြစ်ခဲ့ပြီး ကစားသမားဘဝ ၁၇ ခုမြောက် ချန်ပီယံဆုလည်း ဖြစ်လာခဲ့ပါတယ်။