စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀နဲ့ မန်ချက်စတာယူနိုက်တက်ကို ပေါ့ပ်ဘာ ပြန်လည် ပြောင်းရွှေ့

13912844_1066046260156861_3047950938188635103_n

ဂျုဗင်တပ်စ်အသင်းရဲ့ ပြင်သစ်ကွင်းလယ်လူ ပေါ်ပေါ့ပ်ဘာဟာ မန်ချက်စတာယူ နိုက်တက်အသင်းနဲ့ ဆေးစစ်မှု အောင်မြင်ပြီးနောက် ကမ္ဘာ့စံချိန်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀နဲ့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ အသက် ၂၃နှစ် အရွယ် ရှိတဲ့ ပေါ့ပ်ဘာဟာ ၂၀၁၂ခုနှစ်တုန်းက မန်ချက်စတာယူနိုက်တက်အသင်းကနေ ပေါင် ၈သိန်းနဲ့ ထွက်ခွာခဲ့ပြီး အခုအခါ အသင်းဟောင်းကိုပြန်လည်ပြောင်းရွှေ့ပြီး ၅နှစ်စာချုပ် ချုပ်ဆိုခဲ့ပါ တယ်။

ပေါ့ပ်ဘာဟာ မန်ချက်စတာယူနိုက်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၂သိန်း ၉ သောင်းရမှာဖြစ်ပြီး ကျောနံပါတ် ၆ ကိုဝတ်ဆင်မှာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပေါ့ပ်ဘာရဲ့အပြောင်းအရွှေ့ကြောင့် သူ့ရဲ့ အေးဂျင့်ကိုလည်း ပေါင် သန်း ၂၀ကျော် ပေးချေခဲ့ရပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ပေါ့ပ်ဘာရဲ့ ခြေစွမ်းနဲ့ အောင်မြင်မှုပေါ်မူတည်ပြီး နောက်ထပ် ပေါင် ၄.၅သန်း ရရှိမှာ ဖြစ်ပါတယ်။ ပေါ့ပ်ဘာဟာ ၂၀၁၃ခုနှစ်က ရီးယဲယ် မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့တဲ့ ဂါရတ်ဘေးလ်ရဲ့ ပေါင် ၈၅သန်းကို ချိုးခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့ သူဖြစ်ပြီး နည်းပြ ဂျိုဇေမော်ရင်ညိုက သူဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားအဖြစ် နောက်ထပ် ၁၀နှစ်လောက် ရှိနေမယ်လို့ ချီးကျူးပြောကြားခဲ့ပါတယ်။

ပေါ့ပ်ဘာဟာ လာမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲကို ပါဝင်ဖို့ မသေချာဘဲ နောက်တစ်ပတ်ကျော်မှ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ပါဝင်ကစားမှာဖြစ်ပါတယ်။

(BBC)


Leave a Reply