ခ်န္ပီယံလိဂ္မွာ အသက္အႀကီးဆုံး ဂိုးသြင္းသူ အျဖစ္ မွတ္တမ္းဝင္ခဲ့တဲ့ ပီပီ

နိုဝင္ဘာ ၈

ခ်န္ပီယံလိဂ္အုပ္စုအဆင့္ ေပၚတို (၂-၀) အန္႔၀ပ္ပြဲစဥ္တြင္ ေပၚတိုအသင္းအတြက္ သြင္းဂိုးတစ္ဂိုးသြင္းယူေပးခဲ့သည့္ ေပၚတူဂီအသင္းရဲ့ ဝါရင့္ေနာက္ခံလူပီပီသည္ အသက္ (၄၀)ႏွစ္၊ (၂၅၄) ရက္ျဖင့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲသမိုင္းတစ္ေလၽွာက္ အသက္အႀကီးဆုံးဂိုးသြင္းသူအျဖစ္ စံခ်ိန္မွတ္တမ္းသစ္တင္ရွိခဲ့ေၾကာင္း သိရပါတယ္။

ပီပီသည္ ၿပီးခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္(၃)တြင္လည္း အသက္အႀကီးဆုံးပြဲကစားသည့္ outfield player (ဂိုးသမားမဟုတ္သည့္ကစားသမား) အျဖစ္ မွတ္တမ္း၀င္နိုင္ခဲ့သူျဖစ္ပါတယ္။

၎၏ ေပၚတိုအသင္းကလည္း အုပ္စု ၄ ပြဲ အၿပီးမွာ ၃ပြဲနိုင္၊ ၁ပြဲရႈံး ဆိုတဲ့ ရလဒ္နဲ႔ ရမွတ္ ၉မွတ္အထိ ရရွိေနၿပီး လက္က်န္ ပြဲ ၂ ပြဲ ျဖစ္တဲ့ ဘာစီလိုနာ ၊ ရွက္တာဒိုးနက္တို႔ ရင္ဆိုင္ရမယ့္ ပြဲေတြမွာ အနည္းဆုံး ရမွတ္ ၃မွတ္ ထပ္ယူနိုင္႐ုံနဲ႔ ရႈံးအထြက္အဆင့္ဆီ တက္လွမ္းနိုင္ေတာ့မွာလည္းျဖစ္ပါတယ္။

==================

ချန်ပီယံလိဂ်မှာ အသက်အကြီးဆုံး ဂိုးသွင်းသူ အဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ပီပီ

နိုဝင်ဘာ ၈

ချန်ပီယံလိဂ်အုပ်စုအဆင့် ပေါ်တို (၂-၀) အန့်၀ပ်ပွဲစဉ်တွင် ပေါ်တိုအသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူပေးခဲ့သည့် ပေါ်တူဂီအသင်းရဲ့ ဝါရင့်နောက်ခံလူပီပီသည် အသက် (၄၀)နှစ်၊ (၂၅၄) ရက်ဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် စံချိန်မှတ်တမ်းသစ်တင်ရှိခဲ့ကြောင်း သိရပါတယ်။

ပီပီသည် ပြီးခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၃)တွင်လည်း အသက်အကြီးဆုံးပွဲကစားသည့် outfield player (ဂိုးသမားမဟုတ်သည့်ကစားသမား) အဖြစ် မှတ်တမ်း၀င်နိုင်ခဲ့သူဖြစ်ပါတယ်။

၎င်း၏ ပေါ်တိုအသင်းကလည်း အုပ်စု ၄ ပွဲ အပြီးမှာ ၃ပွဲနိုင်၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့ ရမှတ် ၉မှတ်အထိ ရရှိနေပြီး လက်ကျန် ပွဲ ၂ ပွဲ ဖြစ်တဲ့ ဘာစီလိုနာ ၊ ရှက်တာဒိုးနက်တို့ ရင်ဆိုင်ရမယ့် ပွဲတွေမှာ အနည်းဆုံး ရမှတ် ၃မှတ် ထပ်ယူနိုင်ရုံနဲ့ ရှုံးအထွက်အဆင့်ဆီ တက်လှမ်းနိုင်တော့မှာလည်းဖြစ်ပါတယ်။