ပီ႐ူးဖိုက္တာ Kevin Borjas နဲ႔ ယွဥ္ၿပိဳင္ထိုးသတ္မယ့္ Joshua Van

နိုဝင္ဘာ ၉

နိုဝင္ဘာလ(၁၂)ရက္ လာမယ့္တနဂၤေႏြေန႔ နံနက္အေစာပိုင္းတြင္ နယူးေယာက္ၿမိဳ႕ Madison Square Garden ၌ UFC-295 ပြဲစဥ္မွာ Joshua Van သည္ သူ႔ရဲ့ UFC ဒုတိယေျမာက္ပြဲအျဖစ္ ပီ႐ူးနိုင္ငံသား Kevin Borjas နဲ႔ယွဥ္ၿပိဳင္ထိုးသတ္သြားမွာလည္းျဖစ္ပါတယ္။

အသက္ (၂၁) သာရွိေသးတဲ့ ျမန္မာ ျပည္ဖြားခ်င္းတိုင္းရင္းသားေလး Joshua Van ဟာ ကမၻာ့တိုက္ခိုက္ေရးေလာကရဲ့နံပါတ္တစ္အဖြဲ႕အစည္းျဖစ္တဲ့ UFC မွာ ပထမဆုံးပြဲဦးထြက္တင္ပြဲဆူေစခဲ့သူပါ။ Joshua Van သည္ UFC မွာပြဲထြက္ခြင့္ရတဲ့ ပထမဆုံးျမန္မာ့တိုက္ခိုက္ေရး ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

Joshua Van သည္ Fury MMA ဖလိုင္းဝိတ္တန္းရဲ့ ခ်န္ပီယံေရႊခါးပတ္ဆုကို ရရွိခဲ့ၿပီးေနာက္ လက္ရွိမွာ UFC ဖလိုင္းဝိတ္တန္းမွာယွဥ္ၿပိဳင္ခြင့္တစ္ေနရာကို ရယူပိုင္ဆိုင္ထားသူတစ္ဦးျဖစ္ေနပါတယ္။

အသက္25ႏွစ္ရွိ kevin Borjas သည္ အရပ္အျမင့္ 5 ေပ 5 လက္မ ရွိၿပီး mma ပြဲမွတ္တမ္းျဖင့္ 10 ပြဲကစားထား 9 ပြဲကို အနိုင္ယူထားေၾကာင္းလည္း သိရပါတယ္။

=======================

ပီရူးဖိုက်တာ Kevin Borjas နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် Joshua Van

နိုဝင်ဘာ ၉

နိုဝင်ဘာလ(၁၂)ရက် လာမယ့်တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင် နယူးယောက်မြို့ Madison Square Garden ၌ UFC-295 ပွဲစဉ်မှာ Joshua Van သည် သူ့ရဲ့ UFC ဒုတိယမြောက်ပွဲအဖြစ် ပီရူးနိုင်ငံသား Kevin Borjas နဲ့ယှဉ်ပြိုင်ထိုးသတ်သွားမှာလည်းဖြစ်ပါတယ်။

အသက် (၂၁) သာရှိသေးတဲ့ မြန်မာ ပြည်ဖွားချင်းတိုင်းရင်းသားလေး Joshua Van ဟာ ကမ္ဘာ့တိုက်ခိုက်ရေးလောကရဲ့နံပါတ်တစ်အဖွဲ့အစည်းဖြစ်တဲ့ UFC မှာ ပထမဆုံးပွဲဦးထွက်တင်ပွဲဆူစေခဲ့သူပါ။ Joshua Van သည် UFC မှာပွဲထွက်ခွင့်ရတဲ့ ပထမဆုံးမြန်မာ့တိုက်ခိုက်ရေး ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

Joshua Van သည် Fury MMA ဖလိုင်းဝိတ်တန်းရဲ့ ချန်ပီယံရွှေခါးပတ်ဆုကို ရရှိခဲ့ပြီးနောက် လက်ရှိမှာ UFC ဖလိုင်းဝိတ်တန်းမှာယှဉ်ပြိုင်ခွင့်တစ်နေရာကို ရယူပိုင်ဆိုင်ထားသူတစ်ဦးဖြစ်နေပါတယ်။

အသက်25နှစ်ရှိ kevin Borjas သည် အရပ်အမြင့် 5 ပေ 5 လက်မ ရှိပြီး mma ပွဲမှတ်တမ်းဖြင့် 10 ပွဲကစားထား 9 ပွဲကို အနိုင်ယူထားကြောင်းလည်း သိရပါတယ်။