အသံထက္ ျမန္တဲ့ ေလယာဥ္ အသစ္ကို ျပသလိုက္တဲ့ နာဆာ

အနာဂတ္မွာ အသံထက္ ျမန္တဲ့ ခရီးသည္တင္ ေလယာဥ္ေတြ ထြက္ေပၚလာေတာ့မွာပါ။ ဒါေပမယ့္ အသံထက္ျမန္တဲ့ေလယာဥ္ေတြရဲ့ ျပႆနာက ေျမျပင္က လူေတြ နားမခံသာေလာက္ေအာင္ ဆူညံလြန္းတာ ျဖစ္ပါတယ္။ အဲဒီအတြက္ အသံထက္ျမန္တဲ့ ေလယာဥ္ေတြကို ပ်ံသန္းခြင့္ ကန႔္သတ္ထားပါတယ္။
အခုေတာ့ နာဆာက ဆူညံသံ နည္းပါးၿပီး အသံထက္ျမန္တဲ့ ေလယာဥ္ကို တီထြင္လိုက္ပါတယ္။ X-59 လို႔ အမည္ေပးထားၿပီး ဒီႏွစ္ေႏွာင္းပိုင္းမွာ ပထမဆုံးအႀကိမ္ စမ္းသပ္ဖို႔ စီစဥ္ထားပါတယ္။ X-59 ကို စမ္းသပ္ပ်ံသန္းတဲ့အခါမွာ ဆူညံသံကို လူေတြ လက္ခံနိုင္သလားဆိုတာကို ေလ့လာမွာ ျဖစ္ပါတယ္။ လူေတြ လက္ခံနိုင္တယ္ဆိုရင္ ကမၻာမွာ ပ်ံသန္းခြင့္ရဖို႔ အာဏာပိုင္ေတြကို စည္း႐ုံးနိုင္မွာ ျဖစ္ပါတယ္။ X-59 ေၾကာင့္ အနာဂတ္မွာ အသံထက္ျမန္တဲ့ ေလယာဥ္ေတြဟာ ကမၻာမွာ အကန႔္အသတ္ မရွိ ပ်ံသန္းနိုင္ဖို႔ နာဆာက ရည္ရြယ္ထားပါတယ္။
နာဆာက X-59 ဟာ ကမၻာမွာ ၁ စီးထဲ ရွိတဲ့ အသံထက္ျမန္တဲ့ ေလယာဥ္ ျဖစ္ၿပီး အနာဂတ္မွာ ခရီးသည္တင္ အသံထက္ျမန္တဲ့ ေလယာဥ္ေတြ ေပၚေပါက္လာဖို႔ X-59 က လမ္းေဖာက္ေပးတာလို႔ ေျပာပါတယ္။
X-59 ဟာ ၁ နာရီကို ၉၂၅ မိုင္ သို႔မဟုတ္ Mach 1.4 အျမန္ႏႈန္းနဲ႔ ပ်ံသန္းနိုင္ၿပီး ၂၀၁၆ ခုႏွစ္ကတည္းက Lockheed Martin နဲ႔ ပူးေပါင္း တီထြင္ထားတာပါ။ ေပ ၁၀၀ အရွည္ရွိၿပီး ေလထုကို ခြင္းတဲ့အခါ တုန္ခါမႈ နည္းပါးေစဖို႔ ေလယာဥ္ အေရွ႕မွာ ခၽြန္ထက္ ရွည္လ်ားတဲ့ ႏႈတ္သီး တပ္ဆင္ထားပါတယ္။
Ref : theverge

#DigitalTimes

=========

အသံထက် မြန်တဲ့ လေယာဉ် အသစ်ကို ပြသလိုက်တဲ့ နာဆာ

အနာဂတ်မှာ အသံထက် မြန်တဲ့ ခရီးသည်တင် လေယာဉ်တွေ ထွက်ပေါ်လာတော့မှာပါ။ ဒါပေမယ့် အသံထက်မြန်တဲ့လေယာဉ်တွေရဲ့ ပြဿနာက မြေပြင်က လူတွေ နားမခံသာလောက်အောင် ဆူညံလွန်းတာ ဖြစ်ပါတယ်။ အဲဒီအတွက် အသံထက်မြန်တဲ့ လေယာဉ်တွေကို ပျံသန်းခွင့် ကန့်သတ်ထားပါတယ်။
အခုတော့ နာဆာက ဆူညံသံ နည်းပါးပြီး အသံထက်မြန်တဲ့ လေယာဉ်ကို တီထွင်လိုက်ပါတယ်။ X-59 လို့ အမည်ပေးထားပြီး ဒီနှစ်နှောင်းပိုင်းမှာ ပထမဆုံးအကြိမ် စမ်းသပ်ဖို့ စီစဉ်ထားပါတယ်။ X-59 ကို စမ်းသပ်ပျံသန်းတဲ့အခါမှာ ဆူညံသံကို လူတွေ လက်ခံနိုင်သလားဆိုတာကို လေ့လာမှာ ဖြစ်ပါတယ်။ လူတွေ လက်ခံနိုင်တယ်ဆိုရင် ကမ္ဘာမှာ ပျံသန်းခွင့်ရဖို့ အာဏာပိုင်တွေကို စည်းရုံးနိုင်မှာ ဖြစ်ပါတယ်။ X-59 ကြောင့် အနာဂတ်မှာ အသံထက်မြန်တဲ့ လေယာဉ်တွေဟာ ကမ္ဘာမှာ အကန့်အသတ် မရှိ ပျံသန်းနိုင်ဖို့ နာဆာက ရည်ရွယ်ထားပါတယ်။
နာဆာက X-59 ဟာ ကမ္ဘာမှာ ၁ စီးထဲ ရှိတဲ့ အသံထက်မြန်တဲ့ လေယာဉ် ဖြစ်ပြီး အနာဂတ်မှာ ခရီးသည်တင် အသံထက်မြန်တဲ့ လေယာဉ်တွေ ပေါ်ပေါက်လာဖို့ X-59 က လမ်းဖောက်ပေးတာလို့ ပြောပါတယ်။
X-59 ဟာ ၁ နာရီကို ၉၂၅ မိုင် သို့မဟုတ် Mach 1.4 အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပြီး ၂၀၁၆ ခုနှစ်ကတည်းက Lockheed Martin နဲ့ ပူးပေါင်း တီထွင်ထားတာပါ။ ပေ ၁၀၀ အရှည်ရှိပြီး လေထုကို ခွင်းတဲ့အခါ တုန်ခါမှု နည်းပါးစေဖို့ လေယာဉ် အရှေ့မှာ ချွန်ထက် ရှည်လျားတဲ့ နှုတ်သီး တပ်ဆင်ထားပါတယ်။
Ref : theverge

#DigitalTimes