အသက္ေမြးဝမ္းေက်ာင္း ပညာ ကာလတိုသင္တန္းမ်ား ၇၇ ရာခိုင္ႏႈန္း အခမဲ့ ဖြင့္လွစ္သင္ၾကားေပး​ေန

၂၀၂၃- ၂ဝ၂၄ ဘ႑ာႏွစ္ ဧၿပီလမွ မတ္လအထိအသက္ေမြးဝမ္းေက်ာင္း ပညာ ကာလတိုသင္တန္းေပါင္း ၅၉၆ ႀကိမ္ ဖြင့္လွစ္ေပးနိုင္ရန္လ်ာထားၿပီး ၄၆ဝ ႀကိမ္ အခမဲ့ဖြင့္လွစ္ေပးၿပီးျဖစ္ရာ ၇၇ ရာခိုင္ႏႈန္း ဖြင့္လွစ္သင္ၾကားေပးခဲ့ေၾကာင္း သမဝါယမ ႏွင့္ေက်းလက္ဖြံ့ၿဖိဳးေရးဝန္ႀကီးဌာနမွ သိရသည္။
စားေသာက္ကုန္ႏွင့္ လူသုံးကုန္ပစၥည္း စသည့္ အသက္ေမြးဝမ္းေက်ာင္း ပညာကာလတိုသင္တန္းမ်ားကို ယြန္းပညာေကာလိပ္၊ ေဆာင္းဒါးရက္ကန္းႏွင့္ အသက္ေမြးပညာသိပၸံႏွင့္ ႐ုံးခ်ဳပ္အပါအဝင္ တိုင္းေဒသႀကီး၊ ျပည္နယ္အားလုံးတြင္ ဖြင့္လွစ္သင္ၾကားေပးခဲ့ေၾကာင္း သိရသည္။
“ေက်းလက္ေနျပည္သူမ်ား တစ္နိုင္တစ္ပိုင္လုပ္ငန္းမ်ားလုပ္ကိုင္လာနိုင္ၿပီး မိသားစုဝင္ေငြတိုးေစရန္ႏွင့္အေသးစားစက္မႈလက္မႈလုပ္ငန္းမ်ား တြင္က်ယ္လာေစဖို႔အတြက္ ၂၀၂၃ – ၂ဝ၂၄ ဘ႑ာႏွစ္အတြင္းမွာ စားေသာက္ကုန္ႏွင့္ လူသုံးကုန္ ပစၥည္းစတဲ့ ကာလတိုသင္တန္းေပါင္း ၅၉၆ ႀကိမ္ ဖြင့္လွစ္သင္ၾကားေပးဖို႔လ်ာထားပါတယ္။ ယေန႔ထိေတာ့ ၇၇ ရာခိုင္ႏႈန္းကို ေအာင္ျမင္စြာ ဖြင့္လွစ္သင္ၾကားေပးၿပီးျဖစ္ပါတယ္” ဟု ညႊန္ၾကားေရးမႉး ေဒၚရီရီလွိုင္က ေျပာသည္။
ဦးစီးဌာနအေနျဖင့္ တန္ဖိုးျမႇင့္စားေသာက္ကုန္ထုတ္လုပ္မႈ နည္းပညာသင္တန္း၊ လူသုံးကုန္ႏွင့္ အလွကုန္ထုတ္လုပ္နည္းသင္တန္း၊ အေျခခံေမာ္ေတာ္ဆိုင္ကယ္ျပဳျပင္ ထိန္းသိမ္းနည္းသင္တန္း၊ အေျခခံအိမ္တြင္း လၽွပ္စစ္သြယ္တန္းနည္းပညာသင္တန္း၊ အေျခခံ သံဂေဟဆက္သင္တန္း၊ အေျခခံဒီဇယ္တစ္လုံးထိုးအင္ဂ်င္ ျပဳျပင္နည္းသင္တန္း၊ ေလေအးေပးစက္ႏွင့္ ေရခဲေသတၱာျပဳျပင္နည္း သင္တန္းတို႔ ပါဝင္ေၾကာင္း သိရသည္။
ထို႔အျပင္ EFI အင္ဂ်င္ျပဳျပင္နည္းသင္တန္း၊ ဝါးလက္မႈထည္ထုတ္လုပ္နည္းသင္တန္း၊ သစ္အေျခခံပရိေဘာဂသင္တန္း၊ အုန္းအေျခခံလက္မႈထည္ထုတ္လုပ္နည္းသင္တန္း၊ အလွေဆာင္း ပုသိမ္ထီး အေခ်ာထည္ ျပဳလုပ္နည္းသင္တန္း၊ ပလတ္စတစ္လက္မႈထည္ထုတ္လုပ္နည္းသင္တန္း၊ အေျခခံစက္ခ်ဳပ္နည္းပညာသင္တန္း၊ အေျခခံအပ္ခ်ဳပ္စက္ျပဳျပင္နည္းသင္တန္း၊ အထည္ပန္းပုံရိုက္ႏွင့္ ေဆးေရးပန္းခ်ီသင္တန္းတို႔လည္း ဖြင့္လွစ္သင္ၾကားေပးလ်က္ရွိေၾကာင္း သိရသည္။
အလားတူ စက္ရက္ကန္း စက္ျပင္စက္ေမာင္းသင္တန္း၊ သဘာဝဆိုးေဆးသင္တန္း၊ တိုင္းရင္းသားရိုးရာဂ်ပ္ခုတ္သင္တန္း၊ လက္ရက္ကန္းဖဲႏွတ္ေကာက္သင္တန္း၊ ေရႊဇဝါယြန္းနည္းပညာသင္တန္း၊ ကညစ္ယြန္းပညာသင္တန္း၊ ငွက္ေပ်ာေလၽွာ္တန္ဖိုးျမႇင့္ထုတ္ကုန္ထုတ္လုပ္မႈသင္တန္း၊ အုန္းဆံမၽွင္အေျခခံတန္ဖိုးျမႇင့္လက္မႈထည္ပစၥည္းမ်ား ထုတ္လုပ္မႈနည္းပညာသင္တန္းႏွင့္ ဖက္ရွင္ဒီဇိုင္းသင္တန္းတို႔လည္းပါ ဝင္ေၾကာင္း သိရသည္။
အေသးစား စက္မႈလက္မႈ လုပ္ငန္းဦးစီးဌာန၏ လုပ္ငန္းအမ်ိဳးအစားမ်ားအေနျဖင့္ စားေသာက္ေရး၊ ဝတ္ဆင္ေရး၊ ေနထိုင္ေရး၊ လူသုံးကုန္၊ အိမ္သုံးကုန္၊ ပုံႏွိပ္ႏွင့္စာေပ၊ ကုန္ၾကမ္းပစၥည္း၊ ဓာတ္သတၱဳ၊ စိုက္ပ်ိဳးေရး၊ စက္ပစၥည္း၊ သယ္ယူပို႔ေဆာင္ေရး၊ လၽွပ္စစ္ပစၥည္းႏွင့္ အေထြေထြစက္မႈလက္မႈလုပ္ငန္းျဖစ္ေၾကာင္း လုပ္ငန္းအမ်ိဳးအစား (၁၃)မ်ိဳးရွိေၾကာင္း သိရသည္။

===========

အသက်မွေးဝမ်းကျောင်း ပညာ ကာလတိုသင်တန်းများ ၇၇ ရာခိုင်နှုန်း အခမဲ့ ဖွင့်လှစ်သင်ကြားပေး​နေ

၂၀၂၃- ၂ဝ၂၄ ဘဏ္ဍာနှစ် ဧပြီလမှ မတ်လအထိအသက်မွေးဝမ်းကျောင်း ပညာ ကာလတိုသင်တန်းပေါင်း ၅၉၆ ကြိမ် ဖွင့်လှစ်ပေးနိုင်ရန်လျာထားပြီး ၄၆ဝ ကြိမ် အခမဲ့ဖွင့်လှစ်ပေးပြီးဖြစ်ရာ ၇၇ ရာခိုင်နှုန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သမဝါယမ နှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သိရသည်။
စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း စသည့် အသက်မွေးဝမ်းကျောင်း ပညာကာလတိုသင်တန်းများကို ယွန်းပညာကောလိပ်၊ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံနှင့် ရုံးချုပ်အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
“ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင်လုပ်ငန်းများလုပ်ကိုင်လာနိုင်ပြီး မိသားစုဝင်ငွေတိုးစေရန်နှင့်အသေးစားစက်မှုလက်မှုလုပ်ငန်းများ တွင်ကျယ်လာစေဖို့အတွက် ၂၀၂၃ – ၂ဝ၂၄ ဘဏ္ဍာနှစ်အတွင်းမှာ စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းစတဲ့ ကာလတိုသင်တန်းပေါင်း ၅၉၆ ကြိမ် ဖွင့်လှစ်သင်ကြားပေးဖို့လျာထားပါတယ်။ ယနေ့ထိတော့ ၇၇ ရာခိုင်နှုန်းကို အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးပြီးဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူး ဒေါ်ရီရီလှိုင်က ပြောသည်။
ဦးစီးဌာနအနေဖြင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်နည်းသင်တန်း၊ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း၊ အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းနည်းပညာသင်တန်း၊ အခြေခံ သံဂဟေဆက်သင်တန်း၊ အခြေခံဒီဇယ်တစ်လုံးထိုးအင်ဂျင် ပြုပြင်နည်းသင်တန်း၊ လေအေးပေးစက်နှင့် ရေခဲသေတ္တာပြုပြင်နည်း သင်တန်းတို့ ပါဝင်ကြောင်း သိရသည်။
ထို့အပြင် EFI အင်ဂျင်ပြုပြင်နည်းသင်တန်း၊ ဝါးလက်မှုထည်ထုတ်လုပ်နည်းသင်တန်း၊ သစ်အခြေခံပရိဘောဂသင်တန်း၊ အုန်းအခြေခံလက်မှုထည်ထုတ်လုပ်နည်းသင်တန်း၊ အလှဆောင်း ပုသိမ်ထီး အချောထည် ပြုလုပ်နည်းသင်တန်း၊ ပလတ်စတစ်လက်မှုထည်ထုတ်လုပ်နည်းသင်တန်း၊ အခြေခံစက်ချုပ်နည်းပညာသင်တန်း၊ အခြေခံအပ်ချုပ်စက်ပြုပြင်နည်းသင်တန်း၊ အထည်ပန်းပုံရိုက်နှင့် ဆေးရေးပန်းချီသင်တန်းတို့လည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အလားတူ စက်ရက်ကန်း စက်ပြင်စက်မောင်းသင်တန်း၊ သဘာဝဆိုးဆေးသင်တန်း၊ တိုင်းရင်းသားရိုးရာဂျပ်ခုတ်သင်တန်း၊ လက်ရက်ကန်းဖဲနှတ်ကောက်သင်တန်း၊ ရွှေဇဝါယွန်းနည်းပညာသင်တန်း၊ ကညစ်ယွန်းပညာသင်တန်း၊ ငှက်ပျောလျှော်တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်မှုသင်တန်း၊ အုန်းဆံမျှင်အခြေခံတန်ဖိုးမြှင့်လက်မှုထည်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် ဖက်ရှင်ဒီဇိုင်းသင်တန်းတို့လည်းပါ ဝင်ကြောင်း သိရသည်။
အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းအမျိုးအစားများအနေဖြင့် စားသောက်ရေး၊ ဝတ်ဆင်ရေး၊ နေထိုင်ရေး၊ လူသုံးကုန်၊ အိမ်သုံးကုန်၊ ပုံနှိပ်နှင့်စာပေ၊ ကုန်ကြမ်းပစ္စည်း၊ ဓာတ်သတ္တု၊ စိုက်ပျိုးရေး၊ စက်ပစ္စည်း၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ပစ္စည်းနှင့် အထွေထွေစက်မှုလက်မှုလုပ်ငန်းဖြစ်ကြောင်း လုပ်ငန်းအမျိုးအစား (၁၃)မျိုးရှိကြောင်း သိရသည်။