ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ပါတီတြင္းေဆြးေႏြးပြဲက်င္းပျပဳလုပ္

ဇန္နဝါရီ ၁၇၊ ေနျပည္ေတာ္

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီက ပါတီတြင္းေဆြးေႏြးပြဲကို အပတ္စဥ္ ဗုဒၶဟူးေန႔ နံနက္ ၀၉၃၀ အခ်ိန္တြင္ က်င္းပျပဳလုပ္လ်က္ရွိၿပီး (၁၃)ႀကိမ္ေျမာက္ ပါတီတြင္းေဆြးေႏြးပြဲကို ၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီလ ၁၇ ရက္ေန႔တြင္ ပါတီဌာနခ်ဳပ္ရွိ ညီလာခံခန္းမ၌ ျပဳလုပ္ခဲ့ပါသည္။

ယေန႔ေဆြးေႏြးပြဲတြင္ “သာသနာေရးႏွင့္ယဥ္ေက်းမႈဆိုင္ရာ ေဆာင္ရြက္မႈမ်ား” ေခါင္းစဥ္ျဖင့္ ပါတီဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္၊ မေကြးတိုင္းေဒသႀကီး ပါတီဥကၠ႒၊ သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန ဒုတိယဝန္ႀကီး(ၿငိမ္း) ျဖစ္သူ ေဒါက္တာေမာင္ေမာင္ေဌးမွ ဦးေဆာင္ေဆြးေႏြးခဲ့ၿပီး တက္ေရာက္ လာၾကသူမ်ားမွ မိမိတို႔သိရွိလိုသည္မ်ား၊ အႀကံျပဳခ်က္မ်ားအား ေမးျမန္းေဆြးေႏြးခဲ့ၾကပါသည္။

ထို႔ေနာက္ ပါတီအေထြေထြအတြင္းေရးမႉးႏွင့္ ဒုတိယဥကၠ႒မ်ားက သာသနာေရးႏွင့္ယဥ္ေက်းမႈဆိုင္ရာကိစၥရပ္မ်ားႏွင့္ပတ္သက္၍ တင္ၿပ ေဆြးေႏြးခ်က္မ်ားအား ျဖည့္စြက္ေဆြးေႏြးခဲ့ၿပီး ပါတီဥကၠ႒မွ နိဂုံးခ်ဳပ္ အမွာစကားေျပာၾကားရာ “မိမိတို႔ပါတီသည္ ဒို႔တာဝန္အေရး(၃)ပါးႏွင့္ အမ်ိဳးသားအက်ိဳးစီးပြားကို ေရွးရႈသည့္ ပါတီတစ္ရပ္ျဖစ္ေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒပါ ဘာသာေရးဆိုင္ရာျပ႒ာန္းခ်က္မ်ား၊ သာသနာေရး ႏွင့္ယဥ္ေက်းမႈဆိုင္ရာမ်ား တည္တံ့ခိုင္ျမဲေရး၊ ဖြံ့ၿဖိဳးတိုးတက္ေရး လုပ္ငန္း ကိစၥရပ္မ်ားတြင္ မိမိတို႔တတ္စြမ္းသေရြ ပါဝင္ေဆာင္ရြက္ေနေၾကာင္း” ႏွင့္ ဘာသာ၊ သာသနာကိစၥရပ္မ်ား၊ ယဥ္ေက်းမႈထုံးတမ္းအစဥ္အလာမ်ားႏွင့္ စပ္လ်ဥ္းၿပီး ဆက္လက္ေဆာင္ရြက္မည့္ လုပ္ငန္းစဥ္မ်ားအား ရွင္းလင္း ေျပာၾကားခဲ့ၿပီး အခမ္းအနားကို ႐ုတ္သိမ္းခဲ့ ပါသည္။

=======

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီတွင်းဆွေးနွေးပွဲကျင်းပပြုလုပ်

ဇန်နဝါရီ ၁၇၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပါတီတွင်းဆွေးနွေးပွဲကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ နံနက် ၀၉၃၀ အချိန်တွင် ကျင်းပပြုလုပ်လျက်ရှိပြီး (၁၃)ကြိမ်မြောက် ပါတီတွင်းဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ပါတီဌာနချုပ်ရှိ ညီလာခံခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

ယနေ့ဆွေးနွေးပွဲတွင် “သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ဆောင်ရွက်မှုများ” ခေါင်းစဉ်ဖြင့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ မကွေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း) ဖြစ်သူ ဒေါက်တာမောင်မောင်ဌေးမှ ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက် လာကြသူများမှ မိမိတို့သိရှိလိုသည်များ၊ အကြံပြုချက်များအား မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူးနှင့် ဒုတိယဥက္ကဋ္ဌများက သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ တင်ပြ ဆွေးနွေးချက်များအား ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပါတီဥက္ကဋ္ဌမှ နိဂုံးချုပ် အမှာစကားပြောကြားရာ “မိမိတို့ပါတီသည် ဒို့တာဝန်အရေး(၃)ပါးနှင့် အမျိုးသားအကျိုးစီးပွားကို ရှေးရှုသည့် ပါတီတစ်ရပ်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဘာသာရေးဆိုင်ရာပြဋ္ဌာန်းချက်များ၊ သာသနာရေး နှင့်ယဉ်ကျေးမှုဆိုင်ရာများ တည်တံ့ခိုင်မြဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကိစ္စရပ်များတွင် မိမိတို့တတ်စွမ်းသရွေ ပါဝင်ဆောင်ရွက်နေကြောင်း” နှင့် ဘာသာ၊ သာသနာကိစ္စရပ်များ၊ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများနှင့် စပ်လျဉ်းပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ ပါသည်။