ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

သြဂုတ် ၇၊ ပြင်ဦးလွင်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့် ဦးဆောင်မှုဖြင့် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့ နံနက် ၀၈၀၀ နာရီအချိန်တွင် ပြင်ဦးလွင်မြို့ တိပိဋကမဟာဂန္တဝင်ဓမ္မရိပ်သာကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်၊ ပြင်ဦးလွင် ခရိုင်ပါတီဥက္ကဋ္ဌ ဦးဟိန်းမင်းဦးနှင့် ကော်မတီဝင်များ၊ ပြင်ဦးလွင်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းဇော်နှင့် ကော်မတီဝင်များ၊ ပါတီဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး ကံ့ကော်၊ စိန်ပန်းပြာ၊ ထီးရိုးဝါး၊ ဂျပန်ပိတောက်၊ မက္ကဒေးမီးယား၊ ထိုင်ဝမ်ဗန်ဒါ၊ ပိန္နဲ၊ မျောက်ငို၊ မျှစ်ဝါးပင်များအား စိုက်ပျိုးခဲ့ကြပါသည်။