မာန်အောင်ပြည်ခိုင်ဖြိုးပါတီ ရပ်ရွာများ၏ လိုအပ်ချက်များအား ဆောင်ရွက်

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖံွ့ဖြိုးရေးပါတီ ခရိုင်ကော်မတီဝင် ဦးကျော်လှဦး၊ မာန်အောင်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်ကြည် ဦးဆောင်၍ ကန်းစွန်းကျေးရွာအုပ်စု ကန်းစွန်းကျေးရွာတွင် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ခင်ချိုလင်း၊ ရပ်ကျေး အမျိုးသမီးရေးရာ ခေါင်းဆောင် ဒေါ်ခင်သီတာထွန်းနှင့် အဖွဲ့ဝင် များ မြို့နယ်ကော်မတီဝင်များ လိုက်ပါ၍ ကန်းစွန်းဘုန်းတော်ကြီးကျောင်းတွင် လှူဖွယ်ဝတ္ထု အစုစုအား လှူဒါန်းခဲ့ကြသည်။

ထို့နောက် အမက ကန်းစွန်းကျောင်းတွင် ကျောင်းသားကျောင်းသူများကို ကျောင်းသုံးဗလာစာအုပ်နှင့် သောက်ရေသန့် လှူဒါန်းခဲ့ပြီး ဆရာဆရာမများမှ မိမိတို့ကျောင်းမှာ ဟောင်းနွမ်းနေပြီဖြစ်၍ လိုအပ်သည်များအား ပါတီ အနေဖြင့် ကူညီလုပ်ဆောင်ပေးနိုင်ရန် တောင်းဆိုမှုအပေါ် အထက်ပါတီ အဆင့်ဆင့်သို့ တင်ပြပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် အမျိုးသမီးရေးရာအဖွဲ့တို့သည် ရပ်/ကျေးဥက္ကဋ္ဌ ဦးမောင်တင်ဝင်း နေအိမ်တွင် ပါတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး ပါတီ၏ ရှေ့လုပ်ငန်းများ၊ ရပ်ရွာအကျိုးပြုလုပ်ငန်းများ လိုအပ်ချက် များကို ပူးပေါင်းကူညီဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြသည်။

#ခိုင်ဖြိုး(မာန်အောင်)


Leave a Reply