Like, Share, Follow နှင့် Save ခလုတ်ဒီဇိုင်းများကို Facebook ပြောင်းလဲ

Facebook သည် Like, Share, Follow နှင့် Save ခလုတ်များ၏ ဒီဇိုင်းကို အဆင့်မြှင့်တင် ပြောင်းလဲခဲ့သည်။ ယခင်က ‘ f ’ နှင့် post တစ်ခု၏ like အရေအတွက်ကို ဖော်ပြသည့် bubble ဖြင့် ဒီဇိုင်း ပြုလုပ်ထားသော်လည်း ဒီဇိုင်းသစ်တွင် ‘ f ’ ကိုဖယ်ရှားကာ လူသိများသော လက်မထောင်သည့် သင်္ကေတနှင့် like အရေအတွက်ကို icon တစ်ခုတည်းတွင် ပေါင်းစပ်ထည့်သွင်းထားသည်။

ထိုကဲ့သို့ပြောင်းလဲခြင်းသည် မိုဘိုင်းအတွက်ဖြစ်ကြောင်း၊ မူရင်းဒီဇိုင်းသည် desktop အတွက် အလွန်သင့်လျော် သော်လည်း မိုဘိုင်းကို ဦးစားပေးသည့်ခေတ်ကြောင့် Like ခလုတ်ဖြင့် ပြောင်းလဲရခြင်း ဖြစ်ကြောင်း Facebook မှ ပြောကြားခဲ့သည်။

New-Social-Plugin-buttons

Facebook သည် Like ခလုတ်အပြင် Share, Follow နှင့် Save ခလုတ်များ၏ ဒီဇိုင်းကိုလည်း ပြောင်းလဲခဲ့သည်။ Share နှင့် Follow ခလုတ်များတွင် ‘f’ ကို ဆက်လက်အသုံးပြုထားပြီး Save ခလုတ်တွင် လူသိများသည့် bookmark icon ကို အသုံးပြုထားသည်။

အဆိုပါခလုတ်များကို app သို့မဟုတ် ဆိုက်တွင်အသုံးပြုထားပါက စိတ်ပူရန်မလိုကြောင်း၊ ကုမ္ပဏီအနေဖြင့် မတူညီသော language များ၊ ဆိုက်များရှိ အကြောင်းအရာများဖြင့် သဟဇာတ ဖြစ်၊ မဖြစ် ပြီးပြည့်စုံအောင် စမ်းသပ်မှုပြုလုပ်ထားကြောင်း Facebook မှ ပြောကြားခဲ့သည်။

၎င်းခလုတ်သစ်များကို လာမည့်ရက်သတ္တပတ်အနည်းငယ်တွင် Instant Articles ၌ ထည့်သွင်းသွားမည်ဖြစ်ပြီး စာမျက်နှာများ၏ အောက်ခြေဘက်တွင် တွေ့မြင်ရမည်ဖြစ်ကြောင်းနှင့် website များ၊ app များရှိ ခလုတ်ဒီဇိုင်း ပြောင်းလဲမှုများကို လာမည့်ရက်အနည်းငယ်အတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

Internet Journal


Leave a Reply