ကမၻာ့ အႀကီးဆုံး UAE ရဲ့ Solar Farm

နိုင္ငံတကာမွာ သဘာဝပတ္ဝန္းက်င္ကို မပ်က္ဆီးေစဘဲ ေရရွည္တည္တန႔္တဲ့ စြမ္းအင္ကို ထုတ္လုပ္နိုင္ဖို႔ ႀကိဳးစားေနၾကပါတယ္။ အခုေတာ့ ကမၻာ့ အႀကီးဆုံး UAE ရဲ့ Al Dhafra Solar Farm ဟာ စတင္ လည္ပတ္ၿပီ ျဖစ္ပါတယ္။

အဲဒီမွာ Solar Panel ၄ သန္းနီးပါး တပ္ဆင္ထားၿပီး ေနအိမ္ေပါင္း ၂၀၀,၀၀၀ နီးပါးကို လၽွပ္စစ္စြမ္းအင္ ပံ့ပိုးေပးနိုင္မွာ ျဖစ္ပါတယ္။ ႏွစ္စဥ္ ကာဘြန္ထုတ္လုပ္မႈ ၂.၄ သန္း တန္ ေလ်ာ့နည္းေစမွာပါ။ အဘူဒါဘီ ၿမိဳ႕ေတာ္ရဲ့ ၂၂ မိုင္ အကြာမွာ 2-gigawatt (GW) Solar Farm ကို တည္ေဆာက္ထားတာပါ။

Al Dhafra ကို Abu Dhabi Future Energy Company (Masdar), Abu Dhabi National Energy Company (TAQA), ျပင္သစ္ စြမ္းအင္ ကုမၸဏီ EDF Renewables နဲ႔ တ႐ုတ္ Solar ကုမၸဏီ JinkoPower တို႔ ပူးေပါင္း တည္ေဆာက္ခဲ့တာ ျဖစ္ပါတယ္။

Solar Farm ကို တည္ေဆာက္ခ်ိန္က ၁ ရက္ကို Solar Panel ပ်မ္းမၽွအားျဖင့္ 10 megawatts (MW) တပ္ဆင္ခဲ့ၿပီး လူေပါင္း ၄,၅၀၀ ကို အလုပ္အကိုင္ ေပးထားနိုင္ခဲ့ပါတယ္။ Al Dhafra ေၾကာင့္ UAE ရဲ့ Solar စြမ္းအင္ ထုတ္လုပ္မႈဟာ 3.2 GW အထိ ျမင့္မားလာပါတယ္။

Ref : electrek

==============

ကမ္ဘာ့ အကြီးဆုံး UAE ရဲ့ Solar Farm

နိုင်ငံတကာမှာ သဘာဝပတ်ဝန်းကျင်ကို မပျက်ဆီးစေဘဲ ရေရှည်တည်တန့်တဲ့ စွမ်းအင်ကို ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ အခုတော့ ကမ္ဘာ့ အကြီးဆုံး UAE ရဲ့ Al Dhafra Solar Farm ဟာ စတင် လည်ပတ်ပြီ ဖြစ်ပါတယ်။

အဲဒီမှာ Solar Panel ၄ သန်းနီးပါး တပ်ဆင်ထားပြီး နေအိမ်ပေါင်း ၂၀၀,၀၀၀ နီးပါးကို လျှပ်စစ်စွမ်းအင် ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။ နှစ်စဉ် ကာဘွန်ထုတ်လုပ်မှု ၂.၄ သန်း တန် လျော့နည်းစေမှာပါ။ အဘူဒါဘီ မြို့တော်ရဲ့ ၂၂ မိုင် အကွာမှာ 2-gigawatt (GW) Solar Farm ကို တည်ဆောက်ထားတာပါ။

Al Dhafra ကို Abu Dhabi Future Energy Company (Masdar), Abu Dhabi National Energy Company (TAQA), ပြင်သစ် စွမ်းအင် ကုမ္ပဏီ EDF Renewables နဲ့ တရုတ် Solar ကုမ္ပဏီ JinkoPower တို့ ပူးပေါင်း တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

Solar Farm ကို တည်ဆောက်ချိန်က ၁ ရက်ကို Solar Panel ပျမ်းမျှအားဖြင့် 10 megawatts (MW) တပ်ဆင်ခဲ့ပြီး လူပေါင်း ၄,၅၀၀ ကို အလုပ်အကိုင် ပေးထားနိုင်ခဲ့ပါတယ်။ Al Dhafra ကြောင့် UAE ရဲ့ Solar စွမ်းအင် ထုတ်လုပ်မှုဟာ 3.2 GW အထိ မြင့်မားလာပါတယ်။

Ref : electrek