အိုင်အက်စ်သင်္ကေတပါ လူတစ်ဦး အင်ဒိုနီးရှား ဘုရားကျောင်းမှာ အသေခံဗုံးဖောက်ခွဲဖို့ ကြိုးစား

Attempted-Suicide-bomb-at-a-Church-in-Medan-1

(ဓာတ်ပုံ – အီးပီအေ)

တနင်္ဂနွေ မနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းအနောက်ဘက်မြို့ မီဒန်ရှိ စိန့် ယောဆက်ဖ် ကက်သလစ် ဘုရားကျောင်းအတွင်း ဝတ်ပြုနေစဉ် ဓားနဲ့ ပုဆိန်ကိုင်ထားတဲ့ လူတစ်ဦးဟာ အိမ်လုပ် အသေးစားဗုံးတစ်လုံးနဲ့ အသေခံဗုံးဖောက်ခွဲဖို့ ကြိုစားရာ သူ့ကိုသူ ဒဏ်ရာသွားလို့ မအောင်မြင်ပဲ ထိုးကြိတ် ရိုက်နှက်ခံလိုက်ရပါတယ်။

အသေခံဗုံးခွဲဖို့ ကြိုးစားသူဟာ ဘုရားကျောင်းတက်သူတွေကြား ထိုင်နေခဲ့ပြီး သူ့နောက်ကျောက ဗုံးခွဲခါးပတ်ကို ဖြုတ်ဖို့ ကြိုးစားခဲ့ပါတယ်။

ထို့နောက်မှာတော့ အိတ်ထဲက ပုဆိန်ကို ဆွဲပြီး တရားဟောနေတဲ့ ဘုန်းကြီးကို တိုက်ခိုက်ဖို့ ကြိုးစားရာမှာ ဝတ်ပြုနေသူများက ဟန့်တားလိုက်ပြီး အခင်းဖြစ်ပွားရာသို့ ရဲများကို ခေါ်ခဲ့ပါတယ်။

တရားခံရဲ့ မှတ်ပုံတင်ကို ရှာဖွေရာမှာ အိုင်အက်စ်အလံပုံပါတဲ့ စာရွက်အပိုင်းအစကိုပါ တွေ့ရှိခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့အကြီးမားဆုံး မွတ်ဆလင် လူဦးရေများရာ နေရာဖြစ်ပြီး အစ္စလာမ္မစ် တိုက်ခိုက်မှု အများအပြားလည်း ခံစားခဲ့ရတဲ့ နိုင်ငံဖြစ်ပါတယ်။

ဇန်နဝါရီ ၁၄ ရက်က အိုင်အက်စ်တို့ရဲ့တိုက်ခိုက်မှု လေးကြိမ်အပါအဝင် ဂျကာတာမှာ သေနတ်နဲ့ ဗုံးခွဲတိုက်ခိုက် မှုများကြောင့် လူ (၈) ဦးသေဆုံးခဲ့ပါတယ်။

Ref; EFE


Leave a Reply