အမေရိကန်စစ်သားများအတွက် အိတ်ဆောင်အရွယ် ဒရုန်းတစ်မျိုးကို AeroVironment မိတ်ဆက်

အမေရိကန်စစ်တပ်အတွက် ဒရုန်းထောက်ပံ့ပေးတဲ့ AeroVironment ကုမ္ပဏီဟာ စစ်သားတစ်ယောက်ရဲ့ ယူနီဖောင်းမှာ ထည့်သွင်းထားနိုင်မယ့် အရွယ်အလွန်သေးငယ်တဲ့ ဒရုန်းတစ်မျိုးကို မိတ်ဆက်ပေးလိုက် ပါတယ်။


ဘေ့စ်ဘောတစ်လုံးရဲ့ အလေးချိန်ခန့်သာရှိတဲ့ Snipe ကို လက်ဖဝါးပေါ်ကနေ ပျံသန်းလွှင့်တင်နိုင်ပါတယ်။ ဒီဒရုန်းကို အနီးကပ်စောင့်ကြည့်ခြင်းနဲ့ ထောက်လှမ်းခြင်းတို့အတွက် ရည်ရွယ်ဖန်တီးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Snipe မှာ လက်နက်တွေ တပ်ဆင်ထားခြင်း မရှိပါဘူး။ ဒီဒရုန်းဟာ ကောင်းကင်မြင်ကွင်းဗီဒီယိုကို ထောက်ပံ့ ပေးနိုင်တာကြောင့် စစ်သားတွေအတွက် သူတို့ပတ်ဝန်းကျင်က အခြေအနေကို ကောင်းစွာနားလည် သိရှိနိုင် စေမှာ ဖြစ်ပါတယ်။

ဒီ quadcopter ဟာ တစ်နာရီ မိုင် ၂၀ နှုန်းနဲ့ ၁၅ မိနစ်ခန့် ပျံသန်းနိုင်ပါတယ်။ ဒရုန်းကိုတော့ tablet တစ်ခုက နေတစ်ဆင့် ထိန်းချုပ်နိုင်ပါတယ်။

AeroVironment ကတော့ Snipe ကို လူသုံးကုန်ဈေးကွက်ထဲ ရောင်းချသွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ ပါတယ်။ Snipe ရဲ့ဈေးနှုန်းကိုတော့ ကုမ္ပဏီက ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။

Ref: CNNMoney