လူတူ စက်ရုပ်ကို CEO ခန့်ထားတဲ့ တရုတ် ကုမ္ပဏီ

တရုတ် Metaverse ကုမ္ပဏီ ၁ ခုက လူတူ စက်ရုပ်ကို CEO ရာထူး ခန့်ထားပါတယ်။ စက်ရုပ် နာမည်က Ms Tang Yu ဖြစ်ပြီး AI ဉာဏ်ရည်တု နည်းပညာ ထည့်သွင်းထားပါတယ်။ စက်ရုပ်ကို CEO ရာထူး ခန့်ထားတာ ဒါဟာ ကမ္ဘာ့ ပထမဆုံး ဖြစ်ပါတယ်။

စက်ရုပ်ကို CEO ရာထူး ခန့်ထားတဲ့ ကုမ္ပဏီက NetDragon Websoft ဖြစ်ပြီး ကုမ္ပဏီဟာ မိုဘိုင်း Application နဲ့ Multiplayer Online Game တွေကို ဖန်တီးပါတယ်။ အခုဆိုရင် စက်ရုပ်ဟာ CEO ရာထူးကို ရယူထားပြီး ဒေါ်လာ ၁၀ ဘီလီယမ်တန်ကြေးရှိတဲ့ ကုမ္ပဏီကို ဦးဆောင်နေပါတယ်။ ကုမ္ပဏီက စက်ရုပ်ဟာ ကုမ္ပဏီကို တိုးတက်အောင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ကုမ္ပဏီက စက်ရုပ်ဟာ အလွန် အရေးကြီးတဲ့ အလုပ်တွေကို လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ဝန်ထမ်းအားလုံးကိုလည်း ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်။ CEO စက်ရုပ်ဟာ အမျိုးသမီး ဖြစ်ပြီး ကုမ္ပဏီရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်မှာ ဖြစ်ပါတယ်။

NetDragon ရဲ့ အမှုဆောင် ဒေါက်တာ Dejian Liu က “ AI ဟာ အနာဂတ် စီမံခန့်ခွဲမှုလို့ ယုံကြည်ပါတယ်။ Ms Tang Yu ကို CEO ခန့်ထားတာဟာ ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းရဲ့ လည်ပတ်မှုကို ပြောင်းလဲချင်လို့ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Ref : hindustantimes