တနသၤာရီေဒသထြက္ ပနားမီးပုစြန္ျဖဴကို တ႐ုတ္ႏွင့္ ဂ်ပန္သို႔ အမ်ားဆုံးတင္ပိုေန

တနသၤာရီတိုင္းေဒသႀကီးရွိ ေရငန္ေမြးျမဴေရးကန္မ်ားတြင္ စနစ္တက် ေမြးျမဴထုတ္လုပ္လ်က္ရွိသည့္ ျပည္ပေဈးကြက္ဝင္ ပနားမီး ပုစြန္ျဖဴမ်ားကို တ႐ုတ္နိုင္ငံႏွင့္ ဂ်ပန္နိုင္ငံသို အမ်ားဆုံး တင္ပိုလ်က္ရွိေၾကာင္း တိုင္းေဒသႀကီး ငါးလုပ္ငန္းအဖြဲခ်ဳပ္ထံမွ သိရသည္။
“တနသၤာရီတိုင္း ေဒသႀကီးမွာ ပနားမီး ပုစြန္ေမြးျမဴတာ (၅) ႏွစ္ေက်ာ္ပဲ ရွိပါေသးတယ္။ အျမတ္အစြန္းႀကီးသလို ရင္းႏွီးမႈလည္း ႀကီးတယ္။ ျမန္မာ့ပုစြန္ျဖဴက အရည္အေသြးေကာင္းတဲ့အတြက္ ျပည္ပနိုင္ငံေတြက ႏွစ္ၿခိဳက္ၾကၿပီး လက္ရွိမွာ တ႐ုတ္နိုင္ငံနဲ႔ ဂ်ပန္နိုင္ငံတိုက အမ်ားဆုံး ဝယ္ေနပါတယ္”ဟု တနသၤာရီတိုင္းေဒသႀကီး ငါးလုပ္ငန္းအဖြဲခ်ဳပ္မွ အတြင္းေရးမႉး ဦးသက္စိုးက ေျပာသည္။
တ႐ုတ္နိုင္ငံႏွင့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနတိုအၾကား MoU ေရးထိုးထားၿပီးျဖစ္ရာ ပင္လယ္ျပင္ဖမ္းဆီး တင္ပိုမႈမွ ေရငန္ပုစြန္ေမြးျမဴ တင္ပိုမႈအထိ အခြင့္အလမ္းမ်ားစြာ ရရွိလာၿပီျဖစ္ေၾကာင္း သိရသည္။
ပနားမီး ပုစြန္ျဖဴကို ေကာ့ေသာင္းခရိုင္၊ ၿမိတ္ခရိုင္ႏွင့္ ထားဝယ္ခရိုင္တို၌ အမ်ားဆုံး ေမြးျမဴၾကၿပီး ပုစြန္ျဖဴမ်ိဳးစိတ္သားေလာင္းမ်ားကို ထိုင္းနိုင္ငံမွ ဝယ္ယူကာ အဆင့္ဆင့္ေမြးျမဴရာ သုံးလေက်ာ္ ေလးလခန႔္အၾကာ၌ ေရာင္းတန္းဝင္ အဆင့္သို ေရာက္ရွိေၾကာင္း သိရသည္။
ေကာ့ေသာင္းခရိုင္ Grand Adman Co.,Ltd က (၁၈) ကန္၊ ၿမိတ္ခရိုင္ ကၽြန္းစုၿမိဳနယ္ ျပည့္ၿဖိဳးထြန္းကုမၸဏီတြင္ (၁၀၅) ကန္၊ ခိုင္ဇင္ေယာ္ကုမၸဏီ (မစမ္းပါး)တြင္ (၅၃) ကန္၊ ပုေလာၿမိဳနယ္ ေရႊကံေမာ္ကုမၸဏီတြင္ (၂၅) ကန္၊ ထားဝယ္ခရိုင္ ေရျဖဴၿမိဳနယ္ The Best Myanmar Co.,Ltd တြင္ (၈) ကန္ တိုျဖင့္ ေရငန္ပုစြန္ေမြးျမဴေသာဧက (၁၈၂၇.၄၄) ဧက၌ ကန္ေပါင္း (၂၀၉) ကန္တိုတြင္ (၄)လခန႔္ တစ္ႀကိမ္ျဖင့္ ေမြးျမဴထုတ္လုပ္လ်က္ရွိေၾကာင္း သိရသည္။
လက္ရွိတြင္ ကုမၸဏီတစ္ခုလၽွင္ ျပည္ပတင္ပိုမႈမွ အေမရိကန္ေဒၚလာ (၁၀) သန္းႏွင့္အထက္ ရရွိလ်က္ရွိၿပီး ေမြးျမဴေရးကုမၸဏီမ်ား တိုးပြားလာပါက ျပည္ပပိုကုန္ ဝင္ေငြတိုးျမႇင့္ ရရွိလာမည္ျဖစ္ေၾကာင္း သိရသည္။

===============

တနင်္သာရီဒေသထွက် ပနားမီးပုစွန်ဖြူကို တရုတ်နှင့် ဂျပန်သို့ အများဆုံးတင်ပိုနေ

တနင်္သာရီတိုင်းဒေသကြီးရှိ ရေငန်မွေးမြူရေးကန်များတွင် စနစ်တကျ မွေးမြူထုတ်လုပ်လျက်ရှိသည့် ပြည်ပဈေးကွက်ဝင် ပနားမီး ပုစွန်ဖြူများကို တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံသို အများဆုံး တင်ပိုလျက်ရှိကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲချုပ်ထံမှ သိရသည်။
“တနင်္သာရီတိုင်း ဒေသကြီးမှာ ပနားမီး ပုစွန်မွေးမြူတာ (၅) နှစ်ကျော်ပဲ ရှိပါသေးတယ်။ အမြတ်အစွန်းကြီးသလို ရင်းနှီးမှုလည်း ကြီးတယ်။ မြန်မာ့ပုစွန်ဖြူက အရည်အသွေးကောင်းတဲ့အတွက် ပြည်ပနိုင်ငံတွေက နှစ်ခြိုက်ကြပြီး လက်ရှိမှာ တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံတိုက အများဆုံး ဝယ်နေပါတယ်”ဟု တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲချုပ်မှ အတွင်းရေးမှူး ဦးသက်စိုးက ပြောသည်။
တရုတ်နိုင်ငံနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတိုအကြား MoU ရေးထိုးထားပြီးဖြစ်ရာ ပင်လယ်ပြင်ဖမ်းဆီး တင်ပိုမှုမှ ရေငန်ပုစွန်မွေးမြူ တင်ပိုမှုအထိ အခွင့်အလမ်းများစွာ ရရှိလာပြီဖြစ်ကြောင်း သိရသည်။
ပနားမီး ပုစွန်ဖြူကို ကော့သောင်းခရိုင်၊ မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်တို၌ အများဆုံး မွေးမြူကြပြီး ပုစွန်ဖြူမျိုးစိတ်သားလောင်းများကို ထိုင်းနိုင်ငံမှ ဝယ်ယူကာ အဆင့်ဆင့်မွေးမြူရာ သုံးလကျော် လေးလခန့်အကြာ၌ ရောင်းတန်းဝင် အဆင့်သို ရောက်ရှိကြောင်း သိရသည်။
ကော့သောင်းခရိုင် Grand Adman Co.,Ltd က (၁၈) ကန်၊ မြိတ်ခရိုင် ကျွန်းစုမြိုနယ် ပြည့်ဖြိုးထွန်းကုမ္ပဏီတွင် (၁၀၅) ကန်၊ ခိုင်ဇင်ယော်ကုမ္ပဏီ (မစမ်းပါး)တွင် (၅၃) ကန်၊ ပုလောမြိုနယ် ရွှေကံမော်ကုမ္ပဏီတွင် (၂၅) ကန်၊ ထားဝယ်ခရိုင် ရေဖြူမြိုနယ် The Best Myanmar Co.,Ltd တွင် (၈) ကန် တိုဖြင့် ရေငန်ပုစွန်မွေးမြူသောဧက (၁၈၂၇.၄၄) ဧက၌ ကန်ပေါင်း (၂၀၉) ကန်တိုတွင် (၄)လခန့် တစ်ကြိမ်ဖြင့် မွေးမြူထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ကုမ္ပဏီတစ်ခုလျှင် ပြည်ပတင်ပိုမှုမှ အမေရိကန်ဒေါ်လာ (၁၀) သန်းနှင့်အထက် ရရှိလျက်ရှိပြီး မွေးမြူရေးကုမ္ပဏီများ တိုးပွားလာပါက ပြည်ပပိုကုန် ဝင်ငွေတိုးမြှင့် ရရှိလာမည်ဖြစ်ကြောင်း သိရသည်။