ကမ္ဘာ့ရွှေဈေး ၁၂၂၁ ဒေါ်လာအထိ ကျဆင်းခဲ့ခြင်းကြောင့် ပြည်တွင်းရွှေဈေး ကျပ် ၈၉၁၀၀၀ ကျော်သို့ ပြန်ရောက်လာ

မေ ၁၀ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၂၂၁ ဒေါ်လာအထိ ကျဆင်းခဲ့ခြင်းကြောင့် ပြည်တွင်း ရွှေဈေးနှုန်းကျပ် ၈၉၁၀၀၀ ကျော်သို့ ပြန်လည်ရောက်ရှိလာကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ် သူများထံမှ သိရသည်။

ပြီးခဲ့သော ဧပြီလအတွင်း ကမ္ဘာ့ရွှေဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဧပြီ ၁ ရက်မှ ၁၉ ရက်အတွင်း ကမ္ဘာ့ရွှေဈေး သည် ဒေါ်လာ ၅၀ ခန့် မြင့်တက်ခဲ့ရာ ၁၂၉၁ ဒေါ်လာအထိ ရောက်ရှိခဲ့သည်။ ထို့နောက် ဧပြီ ၂၁ ရက် နောက်ပိုင်း တအိအိ ပြန်လည်ကျဆင်းခဲ့ပြီး ဧပြီ ၂၈ ရက်တွင် ၁၂၆၆ ဒေါ်လာအထိ ရောက်ရှိခဲ့သည်။ မေ ၁ ရက်တွင် ၁၂၆၁ ဒေါ်လာဖြင့် စဖွင့်ခဲ့ပြီး မေ ၂ ရက်တွင် ၁၂၅၅ ဒေါ်လာ၊ မေ ၃ ရက်တွင် ၁၂၄၆ ဒေါ်လာ၊ မေ ၄ ရက်တွင် ၁၂၃၄ ဒေါ်လာ၊ မေ ၅ ရက်တွင် ၁၂၃၃ ဒေါ်လာ၊ မေ ၈ ရက်တွင် ၁၂၂၅ ဒေါ်လာ၊ မေ ၉ ရက်တွင် ၁၂၁၄ ဒေါ်လာ၊ မေ ၁၀ ရက်တွင် ၁၂၂၁ ဒေါ်လာအထိ ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က တစ်အောင်စ ဒေါ်လာ ၁၁၂၀ ကျော်အထိ ထိုးဆင်း သွားခဲ့ပြီး ဇန်န၀ါရီ ၁၂ ရက်တွင် ဒေါ်လာ ၁၂၀၀ အထက်သို့ ပြန်လည်ရောက်ရှိခဲ့ကာ ဖေဖော်ဝါရီ ၂၄ တွင် ဒေါ်လာ ၁၂၅၀ အထက်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ထို့နောက် ကမ္ဘာ့ရွှေဈေးသည် ပြန်လည်ကျဆင်းခဲ့ရာ မတ် ၁၀ ရက်တွင် ဒေါ်လာ ၁၂၀၀ အောက်အထိ ရောက် ရှိခဲ့ပြီး မတ် ၂၀ ရက်တွင် ဒေါ်လာ ၁၂၃၀ အထက်၊ မတ် ၂၂ ရက်တွင် ဒေါ်လာ ၁၂၅၀ အထက်သို့ ပြန်ရောက် ခဲ့သည်။ မတ် ၂၇ ရက်တွင် ၁၂၅၈ ဒေါ်လာခန့်အထိ မြင့်တက်ခဲ့ပြီးနောက် မတ် ၃၁ ရက်တွင် ၁၂၄၁ ဒေါ်လာ အထိ ကျဆင်းခဲ့ပြီး ဧပြီ ၇ ရက်တွင် ဒေါ်လာ ၁၂၇၀ အထက်၊ ဧပြီ ၁၄ ရက်တွင် ဒေါ်လာ ၁၂၈၀ အထက်၊ ဧပြီ ၁၈ ရက်တွင် ဒေါ်လာ ၁၂၉၀ အထက်သို့ ဆက်တိုက် မြင့်တက်ခဲ့ကာ ဧပြီ ၂၁ ရက်တွင် ၁၂၈၀ ကျော်၊ ဧပြီ ၂၄ ရက်တွင် ၁၂၇၀ ကျော်၊ ဧပြီ ၂၅ ရက်တွင် ၁၂၆၀ ကျော်၊ မေ ၄ ရက် တွင် ၁၂၃၀ ကျော်၊ မေ ၈ ရက်တွင် ၁၂၂၀ ကျော်၊ မေ ၉ ရက်တွင် ၁၂၁၀ ကျော်အထိ ပြန်လည် ကျဆင်းခဲ့သည်။

ပြီးခဲ့သော ဧပြီလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်းသည် ကျပ် ၈၉၄၇၀၀ (ဧပြီ ၃ ရက်) ဖြစ်ပြီး အမြင့်ဆုံး နှုန်းသည် ကျပ် ၉၁၁၈၀၀ (ဧပြီ ၁၈ ရက်) ဖြစ်ပြီး မတ် ၃၁ ရက်တွင် ကျပ် ၈၉၈၉၀၀ သာ ရှိခဲ့ခြင်းဖြစ်သည်။

ဧပြီလအတွင်း ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် သင်္ကြန်မတိုင်မီ ဧပြီ ၁၂ ရက်တွင် ကျပ် ၉၀၉၈၀၀ အထိ ရောက်ရှိခဲ့ပြီး သင်္ကြန်ကာလပြီးနောက် ဈေးကွက် ပြန်ဖွင့်သည့် ဧပြီ ၁၈ ရက်တွင် ကျပ် ၉၁၁၈၀၀ ဖြင့် စံချိန် သစ်တင်ခဲ့သည်။

ဧပြီ ၄ ရက်ကစပြီး မေ ၃ ရက်အထိ ပြည်တွင်း ရွှေဈေးသည် ကျပ် ၉၀၀၀၀၀ အထက်သို့ ရောက်ရှိခဲ့ပြီး မေ ၄ ရက်မှ စတင်ကာ ကျပ် ၉၀၀၀၀၀ အောက် ဆင်းခဲ့ပြီး မေ ၁၀ ရက်တွင် ကျပ် ၈၉၁၄၀၀ အထိ ဆက်တိုက် ကျဆင်းခဲ့ကြောင်း သိရသည်။

Eleven Media Group