အမွားမ်ားေနတဲ့ အိုနာနာဘက္ကေန ကာကြယ္ ေျပာဆိုခဲ့ျပန္တဲ့ နည္းၿပ တန္ဟက္ဂ္

နိုဝင္ဘာ ၃၀

မန္ယူအသင္းနည္းၿပ တန္ဟက္ခ္က ယေန႔နံနက္အေစာပိုင္းက ခ်န္ပီယံလိဂ္ ပြဲစဥ္-၅ (ဒုတိယေန႔)အျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့သည့္ ဂါလာတာစာေရးနဲ႔ပြဲမွာ သုံးဂိုးစီသေရက်ခဲ့တဲ့ေနာက္ အသင္းရဲ့ ဂိုးသမား အိုနာနာကို အျပစ္တင္ဖို႔ ျငင္းဆန္ခဲ့ၿပီး ကာကြယ္ေပးသြားခဲ့ပါတယ္။

တူရကီေျမမွာ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စုပြဲမွာ မန္ယူအသင္းဟာ ဒီပြဲမွာ ၀-၂ ဂိုး၊ ၁-၃ ဂိုးဆိုတဲ့ ရလဒ္ေတြနဲ႔ ဦးေဆာင္မႈေတြ လုပ္ထားခဲ့ေပမယ့္လည္း ဂိုးသမား အန္ဒေရ အိုနာနာရဲ့ အမွားအယြင္းကေန (၃)ဂိုးစီ သေရက်သြားခဲ့ပါတယ္။

ဒီပြဲမနိုင္ခဲ့တာေၾကာင့္ မန္ယူအသင္းဟာ အုပ္စုေနာက္ဆုံးပြဲမွာ ဘိုင္ယန္ျမဴးနစ္ကို ေသခ်ာေပါက္ အနိုင္ကစားဖို႔ လိုအပ္ေနၿပီျဖစ္ပါတယ္။

“တစ္ဦးခ်င္း အမွားေတြ က်ဴးလြန္မိခဲ့တဲ့ ကစားသမားကလည္း သူ႔ရဲ့ အဲဒီအမွားအတြက္ တာဝန္ယူရပါမယ္။ ဒါေပမယ့္ ဒါက အသင္းနဲ႔ အျမဲတမ္း ပတ္သက္ေနပါတယ္။ သက္ဆိုင္ေနပါတယ္။”လို႔ သူ႔တပည့္ေက်ာ္ကို ကာကြယ္သြားခဲ့ပါတယ္။

ဒါေပမယ့္ အိုနာနာက ဒီရာသီမွာ လက္စြမ္း မတည္ၿငိမ္လြန္းေနတာေၾကာင့္ တန္ဟက္အေနနဲ႔ လာမယ့္ ပြဲစဥ္ေတြအတြင္း အိုနာနာထက္ ဖီနာဘာခ်ီကေန ေခၚယူထားတဲ့ တူရကီ ဂိုးသမား ဘယင္ဒါကို ပိုမို ေနရာေပးဖို႔ မန္ယူအသင္းပရိတ္ေတြကလည္း ေတာင္းဆိုေနၾကပါတယ္။

=================

အမှားများနေတဲ့ အိုနာနာဘက်ကနေ ကာကွယ် ပြောဆိုခဲ့ပြန်တဲ့ နည်းပြ တန်ဟက်ဂ်

နိုဝင်ဘာ ၃၀

မန်ယူအသင်းနည်းပြ တန်ဟက်ခ်က ယနေ့နံနက်အစောပိုင်းက ချန်ပီယံလိဂ် ပွဲစဉ်-၅ (ဒုတိယနေ့)အဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့် ဂါလာတာစာရေးနဲ့ပွဲမှာ သုံးဂိုးစီသရေကျခဲ့တဲ့နောက် အသင်းရဲ့ ဂိုးသမား အိုနာနာကို အပြစ်တင်ဖို့ ငြင်းဆန်ခဲ့ပြီး ကာကွယ်ပေးသွားခဲ့ပါတယ်။

တူရကီမြေမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲမှာ မန်ယူအသင်းဟာ ဒီပွဲမှာ ၀-၂ ဂိုး၊ ၁-၃ ဂိုးဆိုတဲ့ ရလဒ်တွေနဲ့ ဦးဆောင်မှုတွေ လုပ်ထားခဲ့ပေမယ့်လည်း ဂိုးသမား အန်ဒရေ အိုနာနာရဲ့ အမှားအယွင်းကနေ (၃)ဂိုးစီ သရေကျသွားခဲ့ပါတယ်။

ဒီပွဲမနိုင်ခဲ့တာကြောင့် မန်ယူအသင်းဟာ အုပ်စုနောက်ဆုံးပွဲမှာ ဘိုင်ယန်မြူးနစ်ကို သေချာပေါက် အနိုင်ကစားဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

“တစ်ဦးချင်း အမှားတွေ ကျူးလွန်မိခဲ့တဲ့ ကစားသမားကလည်း သူ့ရဲ့ အဲဒီအမှားအတွက် တာဝန်ယူရပါမယ်။ ဒါပေမယ့် ဒါက အသင်းနဲ့ အမြဲတမ်း ပတ်သက်နေပါတယ်။ သက်ဆိုင်နေပါတယ်။”လို့ သူ့တပည့်ကျော်ကို ကာကွယ်သွားခဲ့ပါတယ်။

ဒါပေမယ့် အိုနာနာက ဒီရာသီမှာ လက်စွမ်း မတည်ငြိမ်လွန်းနေတာကြောင့် တန်ဟက်အနေနဲ့ လာမယ့် ပွဲစဉ်တွေအတွင်း အိုနာနာထက် ဖီနာဘာချီကနေ ခေါ်ယူထားတဲ့ တူရကီ ဂိုးသမား ဘယင်ဒါကို ပိုမို နေရာပေးဖို့ မန်ယူအသင်းပရိတ်တွေကလည်း တောင်းဆိုနေကြပါတယ်။