အိႏၵိယနိုင္ငံ မြမ္ဘိုင္းၿမိဳ႕၌ ဂက္စ္အိုးေပါက္ကြဲမႈေၾကာင့္ အိမ္ငါးလုံး ၿပိဳက်

နိုဝင္ဘာ ၃၀

အိႏၵိယနိုင္ငံ မြမ္ဘိုင္းၿမိဳ႕ရွိ လူစည္ကားေသာေနရာတစ္ခုတြင္ ဂက္စ္အိုးေပါက္ကြဲမႈေၾကာင့္ ေနအိမ္ငါးလုံး ၿပိဳက်ခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ယေန႔ေျပာၾကား သည္။

မြမ္ဘိုင္းၿမိဳ႕ ခ်မ္ဘားဆင္ေျခဖုံးရွိေဂါက္ကလပ္အနီးတြင္ဟင္းခ်က္ဓာတ္ေငြ႕ ဆလင္ဒါတစ္လုံး ေပါက္ ကြဲခဲ့ျခင္းျဖစ္ေၾကာင္း အရပ္ဘက္အဖြဲ႕အစည္း တာဝန္ ရွိသူတစ္ဦးက ေျပာၾကားသည္။
အဆိုပါ ဂက္စ္ေပါက္ကြဲမႈေၾကာင့္ ခ်မ္ဘားဆင္ေၿခ ဖုံး၏လမ္းက်ဥ္းတစ္ခုအတြင္းရွိ ေနအိမ္မ်ားကို ၿပိဳက်ပ်က္စီးေစခဲ့သည္။

အပ်က္အစီးမ်ားေအာက္တြင္ ပိတ္မိေနသူ ၁၁ ဦးကို ေဘးလြတ္ရာသို႔ ကယ္ဆယ္နိုင္ခဲ့ၿပီး ထိခိုက္ဒဏ္ ရာရရွိသူေလးဦးကို ေဆး႐ုံသို႔ ပို႔ ေဆာင္ထားေၾကာင္း တာဝန္ရွိသူမ်ားက ေျပာ သည္။ ႐ုပ္ျမင္သံၾကားမွတ္ တမ္းမ်ားတြင္ ၿပိဳက်ေနေသာ ေလွကားမ်ားႏွင့္ လသာ ေဆာင္မ်ားပါရွိသည့္ ပ်က္စီးေနေသာ အေဆာက္အအုံမ်ားကို ေတြ႕ျမင္နိုင္သည္။

==============

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၌ ဂက်စ်အိုးပေါက်ကွဲမှုကြောင့် အိမ်ငါးလုံး ပြိုကျ

နိုဝင်ဘာ ၃၀

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ လူစည်ကားသောနေရာတစ်ခုတွင် ဂက်စ်အိုးပေါက်ကွဲမှုကြောင့် နေအိမ်ငါးလုံး ပြိုကျခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့ပြောကြား သည်။

မွမ်ဘိုင်းမြို့ ချမ်ဘားဆင်ခြေဖုံးရှိဂေါက်ကလပ်အနီးတွင်ဟင်းချက်ဓာတ်ငွေ့ ဆလင်ဒါတစ်လုံး ပေါက် ကွဲခဲ့ခြင်းဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်း တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ဂက်စ်ပေါက်ကွဲမှုကြောင့် ချမ်ဘားဆင်ခြေ ဖုံး၏လမ်းကျဉ်းတစ်ခုအတွင်းရှိ နေအိမ်များကို ပြိုကျပျက်စီးစေခဲ့သည်။

အပျက်အစီးများအောက်တွင် ပိတ်မိနေသူ ၁၁ ဦးကို ဘေးလွတ်ရာသို့ ကယ်ဆယ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ် ရာရရှိသူလေးဦးကို ဆေးရုံသို့ ပို့ ဆောင်ထားကြောင်း တာဝန်ရှိသူများက ပြော သည်။ ရုပ်မြင်သံကြားမှတ် တမ်းများတွင် ပြိုကျနေသော လှေကားများနှင့် လသာ ဆောင်များပါရှိသည့် ပျက်စီးနေသော အဆောက်အအုံများကို တွေ့မြင်နိုင်သည်။