ရီးရဲလ်မက်ဒရစ်အသင်း လာလီဂါချန်ပီယံဖလား ၃၄ ကြိမ်မြောက် ရရှိ

လာလီဂါပွဲစဉ် ၃၇မှာ ဗီလာရီးရဲလ်ကို အိမ်ကွင်းမှာ အနိုင်ရခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ရာသီသိမ်းဖို့ တစ်ပွဲအလိုမှာ ထိပ်သီးပြိုင်ဘက် ဘာစီလိုနာကို ရမှတ် ၇ မှတ်ဖြတ်ပြီး ချန်ပီယံဖြစ်သွားခဲ့ပါတယ်။ ဇီဒန်းရဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဇွန်လမှာ ပြန်ကစားတဲ့ လာလီဂါ ၁၀ပွဲစလုံးအနိုင်ရခဲ့ပါတယ်။ သူတို့အတွက် နောက်ဆုံး ၃နှစ်အတွင်း လာလီဂါချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တာပါ။ သူတို့အသင်းသမိုင်း တလျှောက်တော့ လာလီဂါချန်ပီယံဆုကို ၃၄ကြိမ် ရခဲ့တာလည်းဖြစ်ပါတယ်။ ချန်ပီယံဖြစ်အပြီးမှာ ဇီဒန်းက အားလုံးအတွက် ထူးဆန်းနေမယ်လို့ထင်ပါတယ်။ ၃လလောက်နားခဲ့ရပြီးနောက် ဆွတ်ခူးနိုင်ခဲ့တဲ့ အောင်မြင်မှုက ကျေနပ်စရာပါ။ ဖြစ်နိုင်ရင်တော့ ပရိသတ်တွေနဲ့အောင်ပွဲခံချင်ပေမယ့် အခုအခြေအနေကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ပါဘူးလို့ ပြောပါတယ်။