တောင်ကိုရီးယားသို့ မြန်မာလုပ်သား ၁၀၀ ကျော် ထပ်မံရောက်ရှိ

တောင်ကိုရီးယားနိုင်ငံတွင် ကုန်ထုတ်လုပ်သား၊ Re-entry လုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်မည့် မြန်မာလုပ်သား ၁၀၉ ဦးသည် နိုဝင်ဘာ ၁ ရက်က တောင်ကိုရီးယားနိုင်ငံသို့ ထပ်မံရောက်ရှိခဲ့ကြောင်း ဆိုးလ်မြို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။

တောင်ကိုရီးယားနိုင်ငံသို့ အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်သော Regular ကုန်ထုတ်လုပ်သားသစ် ၆၈ ဦး၊ CBT ကုန်ထုတ်လုပ်သား ၁၆ ဦး၊ Re-entry ကုန်ထုတ်လုပ်သား ၂၁ ဦး၊ Re-entry စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားလေးဦး၊ စုစုပေါင်း ၁၀၉ ဦးသည် နိုဝင်ဘာ ၁ ရက်တွင် ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

အလုပ်သမားများကို မြန်မာသံရုံး ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

source:sdtimedaily