ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်းဒေသကြီးပါတီကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

မကွေး ၊ နိုဝင်ဘာ ၊ ၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်းဒေသကြီးပါတီကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးပါတီ ဥက္ကဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်း နှင့် တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ အရံပါတီကော်မတီဝင်များ၊ ခရိုင်ပါတီ ဥက္ကဌများ၊ မြို့နယ်ပါတီဥက္ကဌများ၊ တိုင်းအမျိုးသမီးရေးရာ ကော်မတီဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးပါတီဥက္ကဌ က ပါတီဥက္ကဌကြီး၏ လမ်းညွှန်ချက်များအား ရှင်းလင်း ဖတ်ကြားခြင်း၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး က ပါတီဌာနချုပ်၏ လမ်းညွှန်ချက်များအား ရှင်းလင်းခြင်း၊ တက်ရောက်လာသူများမှ သိရှိလိုသည်များနှင့် မိမိတို့ နယ်မြေအခြေအနေများ၊ လုပ်ငန်းဆောင်ရွက်မှုများ တင်ပြခြင်းနှင့် တိုင်းဒေသကြီးပါတီ ဥက္ကဌ နှင့် တိုင်းအတွင်းရေးမှူးတို့က ပြန်လည်ဆွေးနွေး ရှင်းလင်းခြင်းတို့ ဆောင်ရွက်ကြပြီး ၁၂ နာရီအချိန်တွင် အစည်းအဝေး ပြီးမြောက်ခဲ့ပါသည်။