သာကေတ၊ဒဂုံဆိပ်ကမ်းတို့အပါအဝင် နေရာ ၃ ခု၌ ကလေး၊လူကြီး ၁၀၀ ဦးခန့်အစာအဆိပ်သင့်၍ ဆေးရုံများသို့ ပို့ဆောင်ခဲ့ရ

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တို့အပါအဝင် နေရာ ၃ ခု၌ နိုဝင်ဘာ ၂ ရက် မွန်းတည့်ပိုင်းက ကလေး၊လူကြီး ၁၀၀ ဦးခန့်အစုလိုက်အပြုံလိုက် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့သဖြင့် ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

သာကေတမြို့နယ်၊(၁၀)မြောက်ရပ်ကွက်ရှိ အ.မ.က(၂ ၉)တွင် နေ့လည်ပိုင်းက လာရောက်လှူဒါန်းသည့် ကြာဆံကြော်စားမိရာမှ ကလေးငယ်များ အစာအဆိပ်သင့်ခဲ့၍ ရန်ကင်း ကလေးဆေးရုံနှင့်ဟယ်ပင်ဆေးရုံတို့သို့ ပို့ဆောင်ပေးခဲ့ရကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

အခင်းဖြစ်ပွားရာကျောင်းမှာ (၁၀) မြောက်ရပ်ကွက် ၊ လ ယ်ယာ (၁) လမ်းတွင်တည်ရှိပြီး အစာအဆိပ်သင့်မှုကြော င့် ကလေးငယ် (၃၀) ကျော်ကို ဆေးရုံသို့ ပို့ထားရကြောင်း ဒေသခံပြည်သူအချို့ကလည်း ဆိုသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၆၇ ရပ်ကွက်တွင်လည်း နေ့လည်ပိုင်းကလည်း ကလေးငယ်များနှင့်လူကြီးများတွင် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့၍ လူမှုကူညီရေးအသင်းကားများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဟယ်ပင်ဆေးရုံ၊ ရန်ကင်းကလေးဆေးရုံ၊မေဓာဝီဆေးရုံတို့သို့ ပို့ဆောင်ပေးခဲ့ရသည်ဟု သိရသည်။

အခင်းဖြစ်ပွားရာ နေရာများသို့ အရေးပေါ် လူမှုကူညီရေးအဖွဲ့များ ရောက်ရှိကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ကာ လူနာတင်ယာဉ်များဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ popularnews