NATO မဟာမိတ္တပ္ဖြဲ႕ဝင္မ်ားက ေဘာ္တစ္ပင္လယ္ေဒသအတြင္း ႐ုရွားတို႔၏ ၾသဇာလႊမ္းမိုးမႈမ်ား အရွိန္ျမင့္ တင္လာ ေသာ ေၾကာင့္ AWACS အမ်ိဳးအစား ေထာက္လွန္းေရးေလယာဥ္မ်ားအား ျဖန္႔ၾကက္မႈမ်ား စတင္ျပဳလုပ္ေန

စက္တင္ဘာ ၂၉

NATO မဟာမိတ္တပ္ဖြဲ႕ဝင္မ်ား က ႐ုရွား နိုင္ငံ၏ စစ္ေရးလႈပ္ရွားမႈမ်ားကို ေစာင့္ၾကည့္နိုင္ ရန္ AWACS ေထာက္လွမ္း ေရးဂ်က္ ေလယာဥ္မ်ားကို လစ္သူေယးနီးယားသို႔ ျဖန႔္ၾကက္ခ်ထား ေၾကာင္း သတင္းဌာနမ်ား ၿပီးခဲ့သည့္ စက္တင္ဘာ ၂၈ရက္ေန႔ ကေဖာ္ျပထားၾကပါတယ္။
Airborne Warning and Control System (AWACS) ေလယာဥ္ ၂စင္းသည္ ၿပီးခဲ့သည့္ စက္တင္ဘာ ၂၈ မွ ယေန႔ ၂၉ ရက္ေန႔အထိ မဟာမိတ္နိုင္ငံမ်ား၏နယ္နိမိတ္ ဧရိယာမ်ား ကို စူးစမ္းမႈမ်ားျပဳလုပ္သြား မည္ၿပီး ႐ုရွားတို႔၏ ရန္လိုမႈမ်ားသည္ ေဘာလ္ တစ္ပင္လယ္ေဒသအတြင္း ၿခိမ္းေျခာက္ မ်ားစြာရွိေနတယ္လို႔ ေနတိုး တပ္ဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားခဲ့ပါတယ္။
NATO မဟာမိတ္တပ္ဖြဲ႕ဝင္တို႔၏ Spox အမည္ရွိ ေထာက္လွန္းေရး ဂ်က္ ေလယာဥ္ Spox သည္ တိုက္ခိုက္ေရး ေလယာဥ္မ်ား ႏွင့္ ဒုံးက်ည္မ်ားကို ကီလိုမီတာ ရာႏွင့္ ခ်ီအကြာအေဝးမွ ေထာက္လွမ္း နိုင္ေၾကာင္းလည္း ၎က ထပ္ေလာင္း ေျပာၾကားခဲ့ပါေသးတယ္။
ထို႔ေနာက္ အေမရိကန္နိုင္ငံ စစ္တပ္ကလည္း ရိုေမးနီးယား ပင္လယ္နက္တြင္ ေနာက္ထပ္ ေထာက္လွန္းေရး ဂ်က္ေလယာဥ္မ်ား ျဖန႔္က်က္ ခ်ထားသြားမည္ျဖစ္ၿပီး အဆိုပါ ေဒသတြင္းရွိ ေနတိုးမဟာမိတ္ လက္နက္ကိုင္ မ်ား အေနျဖင့္ မၾကာေသးမီကာလမ်ားတြင္ ရာႏွင့္ခ်ီေဝးေသာ ကင္းလွည့္မႈမ်ားကို ျပဳလုပ္ခဲ့ၿပီး လည္းျဖစ္ပါတယ္။
အဆိုပါ NATO မဟာမိတ္အဖြဲ႕၏ AWACS ေထာက္လွန္းေရး ဂ်က္ေလယာဥ္မ်ား၏ မစ္ရွင္သည္ လာမည့္ ရက္မ်ားတြင္ စတင္ေတာ့မွာျဖစ္ၿပီး ရက္သတၱ ပတ္ မ်ားစြာအခ်ိန္ၾကာျမင့္စြာ ေထာက္လွန္းမႈ မ်ားျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ႏွင့္ ယူကရိန္းစစ္တပ္အား ေထာက္လွန္းေရး အခ်က္အလက္မ်ား ေပးပို႔သြား မည္ျဖစ္ေၾကာင္း သတင္းဌာနမ်ားကေဖာ္ျပေျပာဆိုထားၾကပါတယ္။

=========================

NATO မဟာမိတ်တပ်ဖွဲ့ဝင်များက ဘော်တစ်ပင်လယ်ဒေသအတွင်း ရုရှားတို့၏ သြဇာလွှမ်းမိုးမှုများ အရှိန်မြင့် တင်လာ သော ကြောင့် AWACS အမျိုးအစား ထောက်လှန်းရေးလေယာဥ်များအား ဖြန့်ကြက်မှုများ စတင်ပြုလုပ်နေ

စက်တင်ဘာ ၂၉

NATO မဟာမိတ်တပ်ဖွဲ့ဝင်များ က ရုရှား နိုင်ငံ၏ စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်နိုင် ရန် AWACS ထောက်လှမ်း ရေးဂျက် လေယာဉ်များကို လစ်သူယေးနီးယားသို့ ဖြန့်ကြက်ချထား ကြောင်း သတင်းဌာနများ ပြီးခဲ့သည့် စက်တင်ဘာ ၂၈ရက်နေ့ ကဖော်ပြထားကြပါတယ်။
Airborne Warning and Control System (AWACS) လေယာဉ် ၂စင်းသည် ပြီးခဲ့သည့် စက်တင်ဘာ ၂၈ မှ ယနေ့ ၂၉ ရက်နေ့အထိ မဟာမိတ်နိုင်ငံများ၏နယ်နိမိတ် ဧရိယာများ ကို စူးစမ်းမှုများပြုလုပ်သွား မည်ပြီး ရုရှားတို့၏ ရန်လိုမှုများသည် ဘောလ် တစ်ပင်လယ်ဒေသအတွင်း ခြိမ်းခြောက် များစွာရှိနေတယ်လို့ နေတိုး တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။
NATO မဟာမိတ်တပ်ဖွဲ့ဝင်တို့၏ Spox အမည်ရှိ ထောက်လှန်းရေး ဂျက် လေယာဥ် Spox သည် တိုက်ခိုက်ရေး လေယာဉ်များ နှင့် ဒုံးကျည်များကို ကီလိုမီတာ ရာနှင့် ချီအကွာအဝေးမှ ထောက်လှမ်း နိုင်ကြောင်းလည်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။
ထို့နောက် အမေရိကန်နိုင်ငံ စစ်တပ်ကလည်း ရိုမေးနီးယား ပင်လယ်နက်တွင် နောက်ထပ် ထောက်လှန်းရေး ဂျက်လေယာဉ်များ ဖြန့်ကျက် ချထားသွားမည်ဖြစ်ပြီး အဆိုပါ ဒေသတွင်းရှိ နေတိုးမဟာမိတ် လက်နက်ကိုင် များ အနေဖြင့် မကြာသေးမီကာလများတွင် ရာနှင့်ချီဝေးသော ကင်းလှည့်မှုများကို ပြုလုပ်ခဲ့ပြီး လည်းဖြစ်ပါတယ်။
အဆိုပါ NATO မဟာမိတ်အဖွဲ့၏ AWACS ထောက်လှန်းရေး ဂျက်လေယာဥ်များ၏ မစ်ရှင်သည် လာမည့် ရက်များတွင် စတင်တော့မှာဖြစ်ပြီး ရက်သတ္တ ပတ် များစွာအချိန်ကြာမြင့်စွာ ထောက်လှန်းမှု များပြုလုပ်သွားမည်ဖြစ်ကြောင်း နှင့် ယူကရိန်းစစ်တပ်အား ထောက်လှန်းရေး အချက်အလက်များ ပေးပို့သွား မည်ဖြစ်ကြောင်း သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။